Consignment လက်ကျန်ကားများကို စလစ်အစားထိုးစနစ်ဖြင့် ပါမစ်လျှောက်ခွင့် (၆)ရက်သာကျန်ပြီး ကားအစီးရေ(၇၀၀)ကျော် ကျန်ရှိနေ

Consignment လက်ကျန်ကားများကို စလစ်အစားထိုးစနစ်ဖြင့် ပါမစ်လျှောက်ခွင့် (၆)ရက်သာကျန်ပြီး ကားအစီးရေ(၇၀၀)ကျော် ကျန်ရှိနေ
October 24, 2017 Fame Asian

11:06 am
Consignment လက်ကျန်ကားများကို စလစ်အစားထိုးစနစ်ဖြင့် ပါမစ်လျှောက်ခွင့် (၆)ရက်သာကျန်ပြီး ကားအစီးရေ(၇၀၀)ကျော် ကျန်ရှိနေ

22688916_1581554261888533_8638255424147675568_n

နေပြည်တော်၊ အောက်တိုဘာ ၂၄

ပြည်ပမှ Consignmentဖြင့်တင်သွင်းထားသည့်ကားများကို စလစ်အစားထိုးစနစ်ဖြစ် ပါမစ်လျှောက်ခွင့် (၆)ရက်သာ ကျန်ရှိပြီး လာရောက်လျှောက်ထားရန်ကျန်သည့် ကားအစီးရေ(၇၀၀)ကျော်ခန့်ရှိနေသေးကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။

“ဒီအရောင်းစင်တာကကားတွေကို စလစ်ကလည်းရှားနေပြီမို့ စလစ်အစားသိန်း(၆၀)သိန်း(၃၀)ဆိုပြီးမော်ဒယ်အလိုက် ဝယ်ယူခွင့်လျှောက်ကြဖို့ ခုလကုန်နောက်ဆုံးဆိုပြီးအချိန်ပေးထားပါတယ်၊တကယ်လို့ လကုန်အထိမှဝယ်ယူခွင့်မလျှောက်ရင်တော့ECCကို အပ်ရပါမယ်၊မအပ်ရင်ပို့သွင်းဥပဒေနဲ့အရေးယူခံရမှာပါ”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဂလက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်ကဆိုသည်။

ကားအရောင်းစင်တာများတွင်ကျန်ရှိနေသည့် (၂၀၀၆)မော်ဒယ်နှင့်အောက် Consignment စနစ်ဖြင့်တင်သွင်းထားသည့်ကားများကို ယခုလကုန်အထိသာ စလစ်အစားကျပ်သိန်း(၆၀/၃၀) ဖြင့်ဝယ်ယူခွင့်ပါမစ်လျှောက်ထားခွင့်ပြုထားခြင်းဖြစ်သည်။

ယခုလကုန်အထိသာ နောက်ဆုံးထားပြီးဝယ်ယူခွင့်ပါမစ်ကိုလျှောက်ထားခွင့်ပြုထားခြင်းဖြစ်ကာ ကျန်ရှိသည့်ကားများအားလုံးကိုဗဟိုစက်ပစ္စည်းနှင့်စာရင်းအင်းဦးစီးဌာန(ECC)သို့ အပ်နှံရမည်ဟု ကြေညာထားသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*