ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေကြမ်းထဲ ၌ ပရဟိတ ဂေဟာကို မှတ်ပုံ မတင်ရင် အရေးယူသွားမယ့် ပြစ်ဒဏ် ထည့်သွင်းထားဟုဆို

ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေကြမ်းထဲ ၌ ပရဟိတ ဂေဟာကို မှတ်ပုံ မတင်ရင် အရေးယူသွားမယ့် ပြစ်ဒဏ် ထည့်သွင်းထားဟုဆို
October 23, 2017 Asian Fame

1:06 pm
ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေကြမ်းထဲ ၌ ပရဟိတ ဂေဟာကို မှတ်ပုံ မတင်ရင် အရေးယူသွားမယ့် ပြစ်ဒဏ် ထည့်သွင်းထားဟုဆို

(ရန်ကုန်၊ အောက်တိုဘာ ၂၃)

ကလေးသူငယ်

ပရဟိတ ဂေဟာ တစ်ခုက ကလေးငယ်များ။

ပရဟိတ ဂေဟာ တစ်ခုက ကလေးငယ်များ။

အခွင့်အရေးဆိုင်ရာဥပဒေကြမ်း အတည်ပြုပြီးရင် မှတ်ပုံမတင်တဲ့ပရဟိတဂေဟာတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရူပမြက ပေါ်ပြူလာနယူးစ် ကိုပြောပါတယ်။

ပရဟိဂေဟာများဖွင့်လှစ်တည်ထောက်ခြင်းဟာ အဆိုပါဥပဒေကြမ်းမှာ အခန်းတစ်ခန်းအနေနဲ့ ပါရှိပြီး စည်းမျဉ်းစည်းကမ်းများကိုတော့ ဥပဒေအတည်ပြုပြီးရင် နည်းဥပဒေဆက်လက်ရေးဆွဲရမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

” အခု မှတ်ပုံတင်လျောက်ထားတဲ့ ဂေဟာတွေလည်းရှိတယ်။ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီလုပ်ကိုင်နေတဲ့ဂေဟာတွေရှိသလို မညီဘဲလုပ်နေတဲ့ ဂေဟာတွေလည်းရှိနေတယ်။ ဥပဒေကြမ်းအတည်ပြုပြီးရင် ဒီဂေဟာတွေကို မှတ်ပုံတင်ဖို့ စည်းရုံးရမှာပေါ့။ ဘာလို့ မှတ်ပုံတင်ခိုင်းတာလဲဆိုတဲ့ ရည်ရွယ်ချက်ကိုပြောပြမယ်။ မှတ်ပုံမတင်ရင်အသိပေးအကြောင်းကြားမယ်။နောက်မှ စည်းမျဉ်းစည်းကမ်းနဲ့မညီတဲ့ဂေဟာတွေကို အရေးယူဆောင်ရွက်ပါမယ် စည်းမျဉ်းတွေကိုတော့ နည်းဥပဒေထက်ရေးဆွဲရမယ် ။ မှတ်ပုံတင်ပြီးရင် ၀န်ကြီးဌာနက ကူညီထောက်ပံ့ရေးကိစ္စတွေလည်းပါမယ် ” လို့  ညွှန်ကြားရေးမှူးကပြောပါတယ်။

ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေကြမ်း အခန်း(၆) မှာ သင်တန်းကျောင်း၊ပရဟိတဂေဟာနဲ့ ယာယီစောင့်ရှောက်ရေးဂေဟာများ တည်ထောင် ဖွင့်လှစ်ခြင်းနဲ့ ပတ်သတ်လို့ ထည့်သွင်းရေးဆွဲထားပြီး ပုဒ်မ ၁၅(က)မှာ စေတနာ့ဝန်ထမ်း ပုဂ္ဂိုလ် ကဖြစ်စေ၊ လူမှုရေးအဖွဲ့ အစည်း (သို့ ) အစိုးရမဟုတ်သောအဖွဲ့ အစည်းကဖြစ်စေ ပရဟိတဂေဟာ (သို့ ) ယာယီစောင့်ရှောက်ရေးဂေဟာ တည်ထောင်ဖွင့်လှစ်လိုရင် တည်ထောင်ခွင့်ပြုမိန့် ကို လူမှုဝန်ထမ်းဦးစီးဌာနကို သတ်မှတ်ချက်များနဲ့ အညီလျောက်ထားရမယ်လို့ ပါရှိပြီး ခွင့်ပြုမိန့် ရပြီးတဲ့
ဂေဟာများအနေနဲ့ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ရင် ဒဏ်ကြေး၊ ယာယီရပ်ဆိုင်းစေခြင်းနဲ့ ပိတ်သိမ်းခြင်းတို့ ဆောင်ရွက်မယ်လို့ ပါရှိပါတယ်။ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကြမ်း အခန်း(၂၇) ပုဒ်မ ၉၉ (က) မှာ တည်ထောင်ခွင့်ပြုမိန့် မရှိဘဲ ပရဟိတဂေဟာ ( သို့ မဟုတ်) ယာယီစောင့်ရှောက်ရေးဂေဟာ တည်ထောင် ဖွင့်လှစ်ရင် အနည်းဆုံးထောင်ဒဏ် ၂ လမှ အများဆုံး ၃ နှစ်အထိ ဖြစ်စေ၊ ကျပ် ၅ သိန်းမှ ၁၀ သိန်းအထိဖြစ်စေ ၊ ဒဏ်၂ ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီမှ အဖွဲ့ ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ” ဒီဥပဒေကြမ်းက ပရဟိတဂေဟာတွေကို အားပေးဖို့ လုပ်ထားတဲ့ဥပဒေပါ ထောက်ပံ့မှုတွေပေးနိုင်အောင်ပါ ။ ဒါပေမယ့် ဘယ်ကိစ္စမဆို စည်းနဲ့ ကမ်းနဲ့ ဘောင်
နဲ့ တော့ဖြစ်ဖို့ လိုတာပေါ့ ဒါကြောင့် ကန့် သတ်မှုကိုလည်း ထည့်သွင်းရေးဆွဲထားတာဖြစ်ပါတယ် တကယ်လို့ ဂေဟာထောင်ထားရင် သက်ဆိုင်ရာဌာနတွေက ချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ မညီဘဲ မဟုတ်မမှန်သင်ကြားမှုတွေမဖြစ်အောင်လို့ ပါ ဒီဥပဒေက တကယ်ကို
ရှိသင့်တဲ့ဥပဒေတစ်ရပ်ဖြစ်ပါတယ်” လို့ ပြောပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနမှ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ (၂၁၁) ခု၊မသန်စွမ်းဂေဟာ (၇) ခု၊ဘိုးဘွား ရိပ်သာ (၅၇) ခု၊အမျိုးသမီးဂေဟာများ (၁၀) ခု ၊ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ (၇၃၀) ခု၊ လူငယ့်ရိပ်သာနှင့် စေတနာမူလတန်း ညကျောင်းများ (၁၅၈) ခုတို့ ကို လက်ရှိမှာ ထောက်ပံ့ပေးနေပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*