အရည်အသွေးမပြည့်တဲ့ နိုင်ငံခြားဆေး ၈ မျိုးနဲ့ ပြည်တွင်းဆေး ၉၉ မျိုးကို အရေးယူထား

အရည်အသွေးမပြည့်တဲ့ နိုင်ငံခြားဆေး ၈ မျိုးနဲ့ ပြည်တွင်းဆေး ၉၉ မျိုးကို အရေးယူထား
October 17, 2017 Fame Asian

3:02 pm
အရည်အသွေးမပြည့်တဲ့ နိုင်ငံခြားဆေး ၈ မျိုးနဲ့ ပြည်တွင်းဆေး ၉၉ မျိုးကို အရေးယူထား

22489811_1575404155836877_1506810329927189718_n

နေပြည်တော် ၊ အောက်တိုဘာ ၁၇

အရည်အသွေးမပြည့်တဲ့ နိုင်ငံခြားဆေး ၈ မျိုးနဲ့ ပြည်တွင်းဆေး ၉၉ မျိုးကို အရေးယူထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောပါတာယ်။

ဒီကနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော်အ စည်းအဝေးမှာ မင်းလှမဲဆန္ဒနယ်အမတ် ဒေါက်တာသန်းအောင်စိုးမေးမြန်းတဲ့မေးခွန်းအပေး ပြည်ထောင်စုဝန်ကြီးကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

နိုင်ငံခြားဆေး ၈မျိုးမှာတော့ အိန္ဒိယကုမ္ပဏီက ၄မျိုး ၊ တရုတ်က ၃ မျိုး ၊ ကိုရီးယားက တစ်မျိုး တို့ပါဝင်တယ်လို့ သိရပါတယ်။

“ဘာသွားတွေ့လဲဆိုတော့ ၂၀၁၆ မှာ ဆေး ၈ မျိုး ကျွန်တော်တို့ပယ်လိုက်ပါတယ်။ အိန္ဒိယကုမ္ပဏီက ၄မျိုး ၊ တရုတ်က ၃ မျိုး ၊ ကိုရီးယားက တစ်မျိုး ၊ ပြည်တွင်းမှာလည်း ၉၉မျိုး အရေးယူထားပါတယ်။ စံချိန်မမှီတဲ့ဆေးတွေ ။ သွင်းတုန်းကတော့အရမ်းကောင်းပါတယ်။ သို့သော်လည်း ဈေးကွက်ထောက်လှမ်းရေးလုပ်ပါတယ်။ အဲ့ဒီမှာ နမူနာယူပါတယ် ။ တွေ့တာက ၉၉ မျိုးအရည်အသွေးနဲ့မညီတာကိုတွေ့ပါတယ်” လို့ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။

ဆေးတစ်မျိုးမျိုးဟာ မီလီဂရမ်အားဖြင့်ပြည့်ပေမယ့်လည်း ဒီဆေးသောက်ခြင်းအားဖြင့် သွေးထဲမှာ ၅ နာရီဆို ၅ နာရီ ၊ ၄နာရီဆို ၄နာရီသတ်မှတ်ထားတဲ့အတိုင်းအာနိသင်ချက်ခြင်းရောက်ရန်လိုကြောင်း ၊အကယ်၍ မရောက်ရင်ဒီဆေးဟာ မီလီဂရမ်ပြည့်သော်လည်း approve လုပ်ပေးလို့မရကြောင်း ၊ ဒါတွေအကုန်အဆင့်ဆင့်အသေးစိတ်ကျေနပ်မှသာလျှင် ဒီဆေးကိုတင်သွင်းခွင့်ဆိုတဲ့လိုင်စင် အားလုံးချပေးတာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းဆိုပါတယ်။

အဆိုပါ နိုင်ငံခြားဆေး ၈ မျိုးနဲ့ မြန်မာဆေး ၉၉ မျိုး တို့ကို ဈေးကွက်အတွင်းမှရုပ်သိမ်းခြင်း ၊ တင်သွင်းခြင်းကို ကာလသတ်မှတ်ပြီးရုပ်သိမ်းခြင်း ၊ မှတ်ပုံတင်သက်တမ်းတိုးခြင်းတွေကို ငြင်းပယ်ခြင်း အပြင် ပြည်ပကုမ္ပဏီတွေကိုအကြောင်းကြားပြီးတော့ တင်သွင်းခွင့်ပိတ်ခြင်းစတဲ့ အရေးယူမှုတွေ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

SLM၊YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*