ကြားဖြတ်ရွေးကောက်ပွဲကန့် ကွက်လွှာ အမှုရှုံးခဲ့တဲ့ NLD ပါတီမှ ကိုယ်စားလှယ်လောင်းက အယူခံ ထပ်တင်

ကြားဖြတ်ရွေးကောက်ပွဲကန့် ကွက်လွှာ အမှုရှုံးခဲ့တဲ့ NLD ပါတီမှ ကိုယ်စားလှယ်လောင်းက အယူခံ ထပ်တင်
October 16, 2017 Asian Fame

4:34 pm
ကြားဖြတ်ရွေးကောက်ပွဲကန့် ကွက်လွှာ အမှုရှုံးခဲ့တဲ့ NLD ပါတီမှ ကိုယ်စားလှယ်လောင်းက အယူခံ ထပ်တင်

(ရန်ကုန်၊ အောက်တိုဘာ ၁၆)

ကြားဖြတ်ရွေးကောက်ပွဲမှ NLD ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီတို့ အပြန်အလှန်ကန့် ကွက်ခဲ့ကြတဲ့ ကန့် ကွက်လွှာ ၆ မှုအနက်မှာ NLD က တစ်မှုသာ ရှုံးနိမ့်ခဲ့ပါတယ်။ ကျိုင်းတုံမြို့ နယ်မဲဆန္ဒနယ်အမှတ်(၂)မှာ ရှုံးနိမ့်ခဲ့တဲ့ အဆိုပါကန့် ကွက်လွှာကို NLD ပါတီမှ ဒေါက်တာဝဏ္ဏစိုးကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အယူခံပြင်ဆင်လွှာပြန်တင်ခဲ့တာကြောင့် ရှေ့ လ ၈ ရက်နေ့ မှာ စုံညီခုံရုံးဖွင့်စစ်ဆေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွးကောက်ပွဲခုံရုံးရဲ့ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူ ကပြောပါတယ်။

”စက်တင်ဘာလ ၂၂ ရက်နေ့ က ဆုံးဖြတ်ချက်အမိန့် ချခဲ့တယ်။ ၂၆ ရက်နေ့ မှာ အယူခံလွှာထပ်တင်သွားပါတယ်။ ရွေးကောက်ပွဲကန့် ကွက်လွှာတွေကို ခုံရုံးအဖွဲ့ ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံရင် နည်းဥပဒေ ၉၉ အရ အယူခံလွှာပြန်တင်နိုင်ပါတယ်” လို့ သူကပြောပါတယ်။

၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ ကန့် ကွက်လွှာ ၆ ခုထဲမှာ အပြန်အလှန်ကန့် ကွက်လွှာတင်တဲ့အမှုဟာ ဒီတစ်မှုသာရှိပါတယ်။ NLD ပါတီမှ ဒေါက်တာဝဏ္ဏစိုးက ယှဉ်ပြိုင်ဘက် အနိုင်ရကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးရှာမွေလရှဲန်ကို တိုင်ကြားတဲ့အမှုဖြစ်ပြီး
ဦးရှဲမွေလရှဲန်ကလည်း တိုင်းဒေသကြီး သို့ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၉၃ အရ ဒေါက်တာ ၀ဏ္ဏစိုးကို တန်ပြန်တိုင်ကြားခဲ့ပါတယ်။ကြားဖြတ်ရွေးကောက်ပွဲက ကန့် ကွက်လွှာတွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ ကနေစတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ကန့် ကွက်လွှာ ၆ မှုစလုံးကိုဆိုရင် အချိန် ၃လနဲ့ ၁၆ ရက်ယူခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီအမှုတွေကို စစ်ဆေးဖို့ ခုံရုံးအဖွဲ့ ၂ ဖွဲ့ ဖွဲ့ စည်းခဲ့ပါတယ်။ဒါပေမယ့် အခုအယူခံတင်ထပ်တင်တဲ့အမှုကိုတော့ စုံညီခုံရုံးနဲ့ စစ်ဆေးသွားမှာဖြစ်ပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ က ကျင်းပခဲ့ပါတယ်။လွှတ်တော် ၃ရပ်မှာ လစ်လပ်နေခဲ့တဲ့ နေရာ ၁၉ နေရာကို တစ်နိုင်ငံလုံးက မြို့ နယ် ၂၂ မြို့ မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။အဲဒီရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၂၄ ခုနဲ့ တစ်သီးပုဂ္ဂလကိုယ်စား
လှယ်များ စုစုပေါင်း၉၅ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဖြိုးထက်အောင်

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*