ရင်ခွင်ပိုက်ကလေးချီကာ တောင်းစားနေသူများအပါအ၀င် တောင်းရမ်းနေသူများကိုတွေ့ ပါက ရန်ကုန်မြို့ တော်စည်ပင်သာယာသို့ အကြောင်းကြားကြရန် မြို့တော်ဝန်ပြောကြား

ရင်ခွင်ပိုက်ကလေးချီကာ တောင်းစားနေသူများအပါအ၀င် တောင်းရမ်းနေသူများကိုတွေ့ ပါက ရန်ကုန်မြို့ တော်စည်ပင်သာယာသို့ အကြောင်းကြားကြရန် မြို့တော်ဝန်ပြောကြား
October 12, 2017 Fame Asian

3:10 pm
ရင်ခွင်ပိုက်ကလေးချီကာ တောင်းစားနေသူများအပါအ၀င် တောင်းရမ်းနေသူများကိုတွေ့ ပါက ရန်ကုန်မြို့ တော်စည်ပင်သာယာသို့ အကြောင်းကြားကြရန် မြို့တော်ဝန်ပြောကြား
22448228_1570877799622846_1377748884022256784_n

ပြီးခဲ့သည့်သီတင်းကျွတ်ရေကျော်ပွဲဈေးတန်းတွင် တောင်းရမ်းနေသူ အမယ်အိုတစ်ဦး

ရန်ကုန်၊ အောက်တိုဘာ ၁၂

ရင်ခွင်ပိုက်ကလေးချီကာ တောင်းစားနေသူများအပါအ၀င် တောင်းရမ်းနေသူများကိုတွေ့ ပါက ရန်ကုန်မြို့ တော်စည်ပင်သာယာသို့ အကြောင်းကြားကြပါလို့ ရန်ကုန်တိုင်းဒေသကြီးမြို့ တော်ဝန် ဦးမောင်မောင်စိုးက ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ
ပြောပါတယ်။ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ဌာနဖွဲ့ ပြီး တောင်းရမ်းနေသူများကို လူမှုစောင့်ရှောက်ရေးဌာနများကို ပို့ ဆောင်ထိန်းသိမ်းနေတာကြောင့် ပြည်သူများအနေနဲ့ တောင်းရမ်းနေသူများကိုတွေ့ ရင်ဘယ်နေရာမှာဆိုတာကို မြို့ တော်စည်ပင်ကို အကြောင်းကြားကြဖို့ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

တောင်းရမ်းနေသူများကိုတွေ့ ရှိပါက ပြည်သူများအနေနဲ့ ရန်ကုန်မြိ့ တော်စည်ပင်သာယာရေးကော်မတီဝင် အမှတ်(၅) ဒေါ်သန်းမြင့်အောင်ကို အသိပေးအကြောင်းကြားနိုင်ကြောင်းသိရပါတယ်။

မင်္ဂလာတောင်ညွှန့် မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက “အရွယ်မရောက်သေးတဲ့ ရင်ခွင်ပိုက်ကလေးငယ်များကို အရင်းပြုတောင်းရမ်းနေသူများကို ထိန်းသိမ်းဖို့မည်သည့်ဌာနမှာ တာဝန်ရှိသလဲ၊တာဝန်ရှိသူတွေက ဘယ်လိုထိန်းသိမ်းစောင့်ရှောက်သွားမလဲ၊
စာသင်ရွယ်ကလေးသူငယ်များတောင်းရမ်းစားသောက်နေခြင်း၊ တောင်းရမ်းခိုင်းခြင်း၊ သက်ကြီးရွယ်အိုများကိုတောင်းရမ်းခိုင်းခြင်းတို့ကို ဘယ်လိုဆောင်ရွက်ပေးမလဲကိုသိလိုကြောင်း”မေးခွန်းမေးမြန်းခဲ့မှုအပေါ် သူကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

”ကျွန်တော်လည်းတွေ့ ပါတယ် တော်တော်များများတောင်းတဲ့ အရွယ်မရောက်တဲ့ကလေးတွေ ရင်ခွင်ပိုက်ကလေးတွေ ကိုကြည့်လိုက်ရင် ကလေးတွေက ရွှင်ရွှင်လန်းလန်းသိပ်တွေ့ ရတာမရှိဘူး မှိန်းနေတယ်။ တစ်ခါတစ်လေကျရင် သေနေတယ်လို့ တောင်မှထင်နေရတ
ယ်။စိုးရိမ်စိတ်တောင်ဖြစ်သွားတယ်။ကလေးတွေကို ဘာဆေးကျွေးထားမှန်းကိုမသိဘူး” လို့ မြို့ တော်ဝန်ကပြောပါတယ်။

ယင်းကိစ္စအတွက် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးဌာနမှ အရွယ်မရောက်သေးတဲ့ ရင်ခွင်ပိုက်ကလေးတွေ၊ စာသင်အရွယ်ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေတောင်းရမ်းစားသောက်နေခြင်းကို အခြေအနေမဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့ ကာ သက်ဆိုင်ရာမြို့ နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးအဖွဲ့ များနဲ့ နေ့ စဉ် လှည့်လည်ထိန်းသိမ်းနေတယ်လို့ သူကဆိုပါတယ်။

”အထူးအစီအစဉ်အနေနဲ့ တစ်ပတ်ကို တစ်ကြိမ်ကျ ည၁၂ နာရီနောက်ပိုင်းမှာ မြို့ တွင်းဆူးလေ လမ်းမ၊ ဘူတာရုံတစ်ဝိုက်၊ သီရိမင်္ဂလာဈေး၊ ရွှေပိတောက်ငါးဈေးစတဲ့နေရာတွေကို အခြေအနေမဲ့တွေကို လှည့်လည် ထိန်းသိမ်းဆောင်ရွက်နေပါတယ်။ ရှိတဲ့နေရာတွေ
ကိုသတင်းပေးပါ။ တောင်းစားမှုကို အချိန်မီလုပ်မှရပါတယ် တောင်းစားမှုက အရမ်းတက်လာလို့ ရှိရင် ဒီထက်မြင့်ရင် လုစားမှုဖြစ်ပါမယ် ။ စည်ပင်သာယာအနေနဲ့ ဌာနကို ဖွဲ့ ပြီး ထိန်းသိမ်းစောင့်ရှောက်နေပါတယ်” လို့ မြို့ တော်ဝန်ကပြောပါတယ်။

မေးခွန်းမေးမြန်းတဲ့ဦးလှဌေးက “ကျွန်တော်တစ်ရက်မှာ မီးပွိုင့်မိလို့ ကားရပ်လိုက်တယ်။ မိုးဖွဲဖွဲရွာနေတယ်။ လသားအရွယ် ရင်ခွင်ပိုက်ကလေးလေးကို ချီထားတဲ့မိန်းမတစ်ယောက် ကားမှန်နားကို ကပ်ပြီးပိုက်ဆံလာတောင်းတယ်။စိတ်မသက်မသာနဲ့ ကြည့်လိုက်တော့ တောင်းရမ်းသူမိန်းမကြီးက အသားမည်းမည်း ရုပ်ရည်ကြမ်းကြမ်း ပိုသီဖက်သီနဲ့ ။ ချီထားတဲ့ လသားကလေးက အသားဖြူဖြူး မျက်လုံးကလေးက ၀ိုင်းဝိုင်းလေး။ နို့ ဆာလို့ လားမသိ လက်မလေး စုတ်ပြီး အပြစ်ကင်းစင်တဲ့အကြည့်နဲ့ မိုးရေလေးတွေက မစိုတစို ။ သူနဲ့လားလားမှ မအပ်စပ်ဘူးလို့ ထင်ရတဲ့ကလေးပါ။ ကျောင်းနေအရွယ်ကလေးသူငယ်တွေဟာလည်း စာသင်ခန်းထဲစာသင်နေကြရမယ့် အရွယ်လေးတွေပဲဖြစ်ပါတယ် မီးပွိုင့်တွေမှာ တောင်းနေကြတာ တွေ့ မြင်ကြမှာပါ။ ကလေးတွေစာမသင်ရဘဲ တောင်းရမ်းစားနေကြတာဟာ မိဘတွေက ခိုင်းတာလား အုပ်ထိန်းသူက ခိုင်းတာလား တစ်စုံတစ်ယောက်က ခိုင်းတာလား ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။မကြာသေးခင်က မန္တလေးမှာ ကလေးတွေကို ပိုက်ဆံတောင်းခိုင်းတဲ့ဂိုဏ်း ဖမ်းမိတာကြားရပါတယ်။အဲဒီတောင်းနေကြတဲ့ကလေးတွေဟာ ဒီဘ၀တွေနဲ့ ပဲကြီးပြင်းလာရင် အကျင့်ပျက်ချို့ ယွင်းပြီးလမ်းမှားတွေရောက်သွားနိုင်ပါတယ်။ ဒီကလေးတွေကို လမ်းမှန်ရောက်အောင် ပြုစုပျိုးထောင်ပေးဖို့ လိုပါတယ်။လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ သက်ကြီးရွယ်အိုတွေကို အတင်းအဓမ္မပိုက်ဆံတောင်းခိုင်းပြီး တစ်နေကုန်ငွေစုသိမ်းတယ်လို့ လည်းဖတ်ရတာတွေရှိပါတယ်”လို့ ပြောပါတယ်။

ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ တောင်းရမ်းသူများကို ခေါ်ယူထိန်းသိမ်းကာ အသက်အရွယ်အလိုက်ခွဲပြီး ၀ါးနက်ချောင်းလူမှုစောင့်ရှောက်ရေး ဌာန၊ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊သန်လျင်လူငယ်သင်တန်းကျောင်း ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းထာက်ကြံ့အမျိုးသမီးသင်တန်းကျောင်းများကို ပို့ ဆောင်ပေးနေတယ်လို့ မြို့ တော်ဝန်ကပြောပါတယ်။ယခုနှစ်စမှ ၉ လအတွင်းမှာ ထိန်းသိမ်းခဲ့ရသူ ၉၆၄ ဦးရှိခဲ့တယ်လို့ သူကဆိုပါတယ်။ အဲဒီလို ထိန်းသိမ်းသူများထဲမှ မိဘအုပ်ထိန်းသူ ရှိသူများကိုတော့ ထောက်ခံစာစာရွက်စာတမ်းပြည့်စုံရင် ပြန်လည်အပ်နှံပေးတယ်လို့ သိရပါတယ်။

သတင်း + ဓာတ်ပုံ – ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*