တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲဝင်မီးပုံး ယခင်နှစ်ကထက်ပိုများ

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲဝင်မီးပုံး ယခင်နှစ်ကထက်ပိုများ
October 11, 2017 Fame Asian

4:22 pm
တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲဝင်မီးပုံး ယခင်နှစ်ကထက်ပိုများ

22365709_1570081819702444_7466627164023773660_n

တောင်ကြီး ၊ အောက်တိုဘာ ၁၁

ဒီနှစ်ကျင်းပမယ့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် မီးပုံအရေးအတွက်ဟာ ယခင်နှစ်ကထက် များပြားနေတယ်လို့ မီးပုံးပျံပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် တုန်းကကျင်းပတဲ့ မီးပုံးပျံပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ခဲ့တဲ့ မီးပုံးတွေအနေနဲ့ ညမီးကြီး အလုံး ၈၀ ၊ စိန်နပန် ၃၆ လုံး ၊ နေ့လွှတ်အရုပ် ၂၀၇ လုံး ရှိခဲ့ပြီး အခု ၂၀၁၇ ခုနှစ်မှာ ပြိုင်ပွဲဝင်ဖို့ လာရောက်စာရင်းပေးသွင်းထားကြတဲ့ မီးပုံးပျံအလုံးရေဟာ ညမီးကြီး ၈၅ လုံး ၊ စိန်နပန် ၃၅ လုံး ရှိတယ်လို့ ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ အတွင်းရေးမှူးဒေါက်တာသန်းဝင်းကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“ဒါစာရင်းမပိတ်ရသေးဘူး။ ညမီးကြီးက အရင်နှစ်ကထက်များနေပြီ။ စိန်နပန်လည်းများမှာပဲ ။ နေ့လွှတ်အရုပ်လည်းများတယ်။ ဒီအရေအတွက်တွေကတော့လက်ရှိရထားတဲ့ စာရင်းပါ။ အရင်နှစ်ကထက်တော့ ပြိုင်ပွဲဝင်မယ့် မီးပုံးအလုံးရေးများတယ်လီု့ ဆိုလို့ရတယ်။ အတိအကျကိုတော့ စာရင်းပိတ်တဲ့ရက်ကျရင်ပြောနိုင်ပါပြီ ” လို့ သူကဆိုပါတယ်။

ပြိုင်ပွဲဝင်မယ့်မီးပုံးပျံတွေ စာရင်းပေးသွင်းမှုကိုတော့ လာမယ့် ၁၄ ရက်နေ့ မှာ ပိတ်မှာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ရဲတပ်ဖွဲ့ လုံခြုံရေးကို ခါတိုင်းနှစ်ထက်ပိုမိုချထားပြီး မီးသတ်ဝန်ထမ်းတွေလည်းပိုမိုချထားကြောင်း ၊ တပ်မတော်ကလည်း လုံခြုံရေးယူပေးမှာဖြစ်ကြောင်း သိရပါတယ်။

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲကို လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၄ ရက်နေ့ထိ ကျင်းပတော့မှာဖြစ်ပါတယ်။

ရဲလွင်
Photo – ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*