နှစ်ကုန်ခါနီး မူဝါဒ အပြောင်းအလဲ သတင်းများကြောင့် ကားတင်သွင်းမှု များပြားလာပြီး စလစ်ဈေးများ ထိုးတတ်လာ

နှစ်ကုန်ခါနီး မူဝါဒ အပြောင်းအလဲ သတင်းများကြောင့် ကားတင်သွင်းမှု များပြားလာပြီး စလစ်ဈေးများ ထိုးတတ်လာ
October 10, 2017 Asian Fame

1:50 pm
နှစ်ကုန်ခါနီး မူဝါဒ အပြောင်းအလဲ သတင်းများကြောင့် ကားတင်သွင်းမှု များပြားလာပြီး စလစ်ဈေးများ ထိုးတတ်လာ

car(နေပြည်တော်၊ အောက်တိုဘာ ၁၀)

လာမည့်နှစ်တွင် ဘယ်မောင်းကား တင်သွင်းခွင့်မူဝါဒကိုသာ ဦးစားပေးမည်ဖြစ်သောကြောင့် နှစ်ကုန်ခါနီးတွင် စလစ်ကပ် ညာမောင်းကားများ အပြိုင်အဆိုင်တင်သွင်းလာကြပြီး စလစ်ဈေးများ မြင့်တတ်လာနေသည်။

“ခုရက်ပိုင်းမှာ ညာမောင်းစလစ်ကပ်တွေ သွင်းပြီးစုထားကြတော့ စလစ်ဈေးတွေအတော်တတ်နေတယ်၊နှစ်(၂၀)အိုဟောင်းစလစ်ဆိုရင် သိန်း(၁၂၀)ကျော်သွားပြီ၊တိုက်ကြေစလစ်ကတော့ သိန်း(၁၀၀)နားမှာရှိနေတယ်၊ဒါတောင် စလစ်ကရှားနေတယ်ဝယ်ရခက်တယ်”ဟု မန္တလေးမြို့မှ ကားတင်သွင်းသူ ဦးမြင့်စိုးကဆိုသည်။

ကားတင်သွင်းကြသူတွေအနေနှင့် လာမည့်နှစ်တွင် တင်သွင်းခွင့် မရတော့မည့် ညာမောင်းကားများကို စလစ်ကပ်ပြီး လေလံဆွဲ တင်သွင်းနေကြခြင်းဖြစ်သည်။

လက်ရှိကားတင်သွင်းခွင့်မူဝါဒတွင် အစားထိုးတင်သွင်းနိုင်မည့် စလစ်အမျိုးအစားအမျိုးမျိုးရှိနေပြီး နှစ်(၂၀)အိုဟောင်းကားများအပ်နှံသည့်စလစ်မှာ ဈေးအကြီးဆုံးဖြစ်သည်။

ဈေးကွက်အတွင်းတွင်လည်း အိုဟောင်းအပ်နှံမှု ရှားပါးလာပြီး အပြိုင်အဆိုင် စလစ်ကပ်တင်သွင်းမှုများကြောင့်စလစ်ဈေးမှာ ရက်ပိုင်းအတွင်း ထိုးတတ်လာကြောင်းကားလောကအတွင်းမှ သိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*