အာရှဖလားခြေစစ်ပွဲအောင်မြင်ရန် မြန်မာအသင်း အတွက် အမှားမခံတဲ့ ပွဲစဉ်အဖြစ် ကာဂျစ္စတန်အသင်းနှင့် ယနေ့ညယှဉ်ပြိုင်မည်

အာရှဖလားခြေစစ်ပွဲအောင်မြင်ရန် မြန်မာအသင်း အတွက် အမှားမခံတဲ့ ပွဲစဉ်အဖြစ် ကာဂျစ္စတန်အသင်းနှင့် ယနေ့ညယှဉ်ပြိုင်မည်
October 10, 2017 Fame Asian

10:51 am
အာရှဖလားခြေစစ်ပွဲအောင်မြင်ရန် မြန်မာအသင်း အတွက် အမှားမခံတဲ့ ပွဲစဉ်အဖြစ် ကာဂျစ္စတန်အသင်းနှင့် ယနေ့ညယှဉ်ပြိုင်မည်

22310287_1829601670634140_2654705790667728688_n

နေပြည်တော် အောက်တိုဘာ ၁၀

၂၀၁၈ အာရှဖလားခြေစစ်ပွဲအောင်မြင်ရန်အတွက် အရေးကြီးသော ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့်ကာဂျစ္စတန်အသင်းတို့ ယနေ့ည (၇)နာရီအချိန်တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ယနေ့ ပွဲစဉ်သည် နှစ်သင်းစလုံးအတွက်အရေးပါသည့်ပွဲစဉ်ဖြစ်နေပြီး ယခုပွဲစဉ်အနိုင်ရသည့်အသင်းက ခြေစစ်ပွဲအောင်ရန် အခြေအနေကောင်းသွားမည်။

အာရှဖလားခြေစစ်ပွဲတွင် မြန်မာအသင်း ပါဝင်သောအုပ်စု၌ အိန္ဒိယ၊မြန်မာ၊ကာဂျစ္စတန်နှင့်မကာအိုအသင်းတို့ပါဝင်သည်။အိန္ဒိယအသင်းက အုပ်စုဗိုလ်အဖြစ် (၃)ပွဲကစား(၃)ပွဲလုံးအနိုင်ရထားကာ မြန်မာအသင်းက (၂)ပွဲကစားတစ်ပွဲနိုင်တစ်ပွဲရှုံးရမှတ်(၃)မှတ်ဖြင့် ကာဂျစ္စတန်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြား ချက်အသာဖြင့် အုပ်စုဒုတိယနေရာတွင်ရပ်တည်နေသည်။

ထိုကြောင့် ယနေ့ညပွဲစဉ်သည် မြန်မာအသင်းအတွက် အိမ်ရှင်ပရိတ်သတ်အားပေးမှုနှင့်အတူ မဖြစ်မနေအနိုင် သုံးမှတ်ကို ရယူရန်လိုအပ်သည်။

ယနေ့ည ယှဉ်ပြိုင်မည့်ပွဲစဉ်အတွက် လက်မှတ်များကို သုဝဏ္ဏ ကွင်းတွင်နေ့လည်ပိုင်းမှ စတင်ရောင်းချပေးမည် ဟုသိရသည်။မြန်မာ့လက်ရွေးစင်အသင်းနှင့် ကာဂျစ္စတန် အသင်းတို့ ပွဲစဉ်ကို MRTV ရုပ်သံလိုင်းမှလည်း တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*