သစ်မှောင်ခိုဖမ်းဆီးရမိမှု တွေထဲက အချို့တွေကို ပြန်လွှတ်ပေးနေ ရတာတွေ ရှိနေတယ်လို့ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦး ထုတ်ဖော်ပြောဆို

သစ်မှောင်ခိုဖမ်းဆီးရမိမှု တွေထဲက အချို့တွေကို ပြန်လွှတ်ပေးနေ ရတာတွေ ရှိနေတယ်လို့ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦး ထုတ်ဖော်ပြောဆို
October 10, 2017 Asian Fame

1:05 pm
သစ်မှောင်ခိုဖမ်းဆီးရမိမှု တွေထဲက အချို့တွေကို ပြန်လွှတ်ပေးနေ ရတာတွေ ရှိနေတယ်လို့ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦး ထုတ်ဖော်ပြောဆို
Timber

တရားမ၀င် ဖမ်းဆီးရမိသည့် သစ်များ

(လွိုင်ကော် ၊ အောက်တိုဘာ ၁၀)

ကယားပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ သစ်မှောင်ခိုအမှုတွေထဲက အချို့ကို ပြန်လွှတ်ပေးနေရတာတွေ ရှိနေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ထဲက တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ယနေ့နံနက်ပိုင်းမှာပြောပြပါတယ်။

သစ်မှောင်ခိုကား ၁၀ စီးမိရင် ၅ စီးလောက်အထိ လွှတ်ပေးလိုက်ရတာမျိုးတွေတောင် ရှိနေတယ်လို့ အဆိုပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

လူကြီးပိုင်းတွေ ၊ လက်နက်ကိုင်အဖွဲ့အချို့ စတာတွေ ပါဝင်ပတ်သတ်နေလို့ ပြန်လွှတ်ပေးလိုက်ရတာတွေ၊သစ်မှောင်ခိုအမှု အချို့ ဖမ်းဆီးရမိချိန်မှာ အချို့က အဲဒီနာမည်တွေကို အသုံးပြုနေတာတွေကြောင့်
ပြန်လွှတ်ပေးလိုက်ရတာတွေ လို့သူက ရှင်းပြပါတယ်။

“လွတ်ရာရုန်းတာပေါ့နော့ ။ ပြန်ထိုးချတာပေါ့ သူတို့လွှတ်ဖို့အတွက်။ လက်နက်ကိုင်ငြိမ်းချမ်းရေးဒီအဖွဲ့အစည်း မိသားစုစားဖို့ ဆိုတော့ ။ လွှတ်တယ်ဆိုတော့ ဒီမှောင်ခိုဟာလွတ်ပြီပေါ့ ဘာမှမမြင်တော့ဘူးပေါ့။
အဲ့ဒါမျိုးလည်းလာရိုက်ခတ်တယ်ပေါ့နော်။ မလွယ်ပါဘူး။ ငြိမ်းချမ်းရေးလည်းမပျက်စီးအောင်ဆိုပြီးတော့မှ ဒီလို ၄ / ၅စီးဆို တစ်ဝက်လောက်ယူထားပြီးတစ်ဝက်လောက်လွှတ်ပေးလိုက်ရတာတွေရှိတာပေါ့ ” လို့ သူက ဆိုပါတယ်။

သစ်တောဦးစီးဌာန ရဲ့စာရင်းတွေအရ တစ်နိုင်ငံလုံးအနှံ သစ်မှောင်ခိုဖမ်းဆီးရရှိမှုတွေထဲမှာ ကယားပြည်နယ်က ထိပ်တန်းစာရင်းဝင် ပြည်နယ်တစ်ခု ဖြစ်နေတာကို တွေ့နေရပါတယ်။

၂၀၁၇ ခုနှစ် ဇန်န၀ါရီလကနေ ဇွန်လ အထိ ကယားပြည်နယ်ထဲမှောင်ခိုသစ် ၂၁၇၈ တန်ကျော် ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

ကယားပြည်နယ်ဟာ လူဦးရေ ၃ သိန်းဝန်းကျင်သာရှိတဲ့ ပြည်နယ်တစ်ခု ဖြစ်နေပေမယ့်လည်းပဲ လက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့အထိရှိတဲ့ ပြည်နယ်တစ်ခုပါ။

သူတို့ထဲမှာ NCA စာချုပ်လက်မှတ်မရေးထိုးထားရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှိသလို ပြည်သူ့စစ်အသွင်ပြောင်းထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေလည်းပါဝင်ပါတယ်။

“ငြိမ်းချမ်းရေးနဲ့ပတ်သတ်တဲ့အခါကြတော့ ငြိမ်းချမ်းရေးလည်းမပျက်စီးအောင် ပျားလည်းလျှောက်သာ ရှဥ့်လည်းစွဲသာ ဆိုသလိုပဲ အဆင်ပြေအောင်လုပ်ပေးရတာပေါ့နော်”လို့ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူဆိုပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*