ကုန်ကားတစ်စီးချောက်ထဲကျ / လူ ၃ ဦးသေ

ကုန်ကားတစ်စီးချောက်ထဲကျ / လူ ၃ ဦးသေ
October 10, 2017 Fame Asian

5:41 pm
ကုန်ကားတစ်စီးချောက်ထဲကျ / လူ ၃ ဦးသေ

22448447_1968560720064165_795176303164670114_n

တီးတိန် ၊ အောက်တိုဘာ ၁၀

ချင်းပြည်နယ် တီးတိန်မြို့ကနေ ခွာဒိုပွဲအပြီး ကလေးမြို့ကို ပြန်ဆင်းလာတဲ့ ဆယ်ဘီးကုန်တင်ကားတစ်စီးဟာ သိုင်းငင်းကျေးရွာအနီး မှာ ချောက်ထဲထိုးကျလို့ လူ ၃ ဦးသေဆုံးတယ်လို့ တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒီကနေ့ ညနေ ၃ နာရီလောက်ကဖြစ်ပွားတာလို့သိရပြီး လတ်တလောရရှိထားတဲ့သတင်းတွေအရ မိုးများလို့ ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးကဆိုပါတယ်။

“ခွာဒိုပွဲကပြန်လာတာလို့သိရပါတယ်။ လောလောဆယ်တော့ကျွန်တော် အခင်းဖြစ်တဲ့နေရာကိုသွားနေပြီ။ တီးတိန် ၊ သိုင်းငင်းကျေးရွာနား မိုင်တိုင် ၂၈ နဲ့ ၃၀ ကြားမှာဖြစ်တာပါ”လို့ ဦးခိုင်က ပြောပါတယ်။ကုန်တင်ကားဟာ လမ်းဘေးချောက်ထဲကိုထိုးကျခဲ့တာဖြစ်တယ်လို့သိရပါတယ်။

လောလောဆယ် ရဲတပ်ဖွဲ့ ၊ လ၀က ၊ အုပ်ချုပ်ရေး ၊ ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်နေတယ်လို့လည်း ချင်းပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဆန်းထွန်းစိန်က ဆိုပါတယ်။အသေးစိတ်အခြေအနေတွေကို ပေါ်ပြူလာနယူးစ်ကဆက်လက်တင်ပြသွားပါမယ်။

YL
Photo-The Siyin Post

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*