၂ ရက်အတွင်း ANP ပါတီက လွှတ်တော်ကိုယ်စားလှယ် ၂ ဦး နှုတ်ထွက်

၂ ရက်အတွင်း ANP ပါတီက လွှတ်တော်ကိုယ်စားလှယ် ၂ ဦး နှုတ်ထွက်
October 3, 2017 Fame Asian

4:55 pm
၂ ရက်အတွင်း ANP ပါတီက လွှတ်တော်ကိုယ်စားလှယ် ၂ ဦး နှုတ်ထွက်

နေပြည်တော် ၊ အောက်တိုဘာ ၃

အောက်တိုဘာ ၂ ရက်နေ့ နဲ့ ၃ရက်နေ့ ( ၂ ရက်အတွင်းမှာ) ရခိုင်အမျိုးသားပါတီ ANP က လွှတ်တော်ကိုယ်စားလှယ် ၂ ဦး နှုတ်ထွက်လိုက်ကြတယ်လို့ သိရပါတယ်။

သူတို့ ၂ ဦးကတော့ အမ်းမြို့နယ် အမှတ်၂မဲဆန္ဒနယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး နဲ့ ရမ်းဗြဲမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးတို့ဖြစ်ကြပါတယ်။

ဦးခင်မောင်ဌေး က အောက်တိုဘာ ၂ ရက်နေ့မှာ နှုတ်ထွက်ခဲ့တာဖြစ်ပြီး ဦးသန်းမောင်ဦးကတော့ အောက်တိုဘာ ၃ ရက်နေ့မှာနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

နှုတ်ထွက်ခွင့် တောင်းခံထားတဲ့ စာထဲမှာတော့ ဘာကြောင့်နှုတ်ထွက်တယ်ဆိုတာကိုထည့်သွင်းဖော်ပြထားတာမတွေ့ရပါဘူး။

ဦးသန်းမောင်ဦးက “ANP ပါတီက ၂၀၁၄ မှာ ရခိုင်ပြည်သူတွေတောင်းဆိုလို့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ALD တို့ ပေါင်းပြီးဖွဲ့စည်းလိုက်တာ။ ဒါပေမဲ့လမ်းစဉ်တွေမတူဘူး။ ရခိုင်ပြည်သူအတွက်လုပ်တာမှန်ပေမယ့် အယူအဆချင်းမတူနဲ့ အခါ လုပ်ဆောင်ရတာအဆင်မပြေဘူး။ အဲ့ဒါကြောင့် နှုတ်ထွက်တာပါ။ RNDP က NLD နဲ့အတိုက်အခံပြုတယ်။ ALDကတော့ NLD နဲ့ပူးပေါင်းပြီး ရခိုင်မှာ ဖက်ဒရယ်ပြည်ထောင်စုကို သွားချင်တယ်”

ဒါကြောင့် ဦးသန်းမောင်ဦး အနေနဲ့ မူလပါတီဖြစ်တဲ့ ALD မှာပဲ အလုပ်လုပ်တော့မယ်လို့ ဆိုပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်ထဲမှာ အများဆုံးအနိုင်ရခဲ့တဲ့ ပါတီဖြစ်ပြီး ရခိုင်လွှတ်တော်ကို စိုးမိုးထားနိုင်ပါတယ်။

Thi Ha

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*