ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ပြဿနာ တစ်ရပ် ဖြစ်လာ သည့် ဂျပန် ဦးနှောက်ယောင် ရောဂါ ကို ၂၀၁၈ ခုနှစ်မှစတင်ကာ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် ကာကွယ်ရန် စီစဉ်

ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ပြဿနာ တစ်ရပ် ဖြစ်လာ သည့် ဂျပန် ဦးနှောက်ယောင် ရောဂါ ကို ၂၀၁၈ ခုနှစ်မှစတင်ကာ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် ကာကွယ်ရန် စီစဉ်
October 3, 2017 Asian Fame

11:41 am
ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ပြဿနာ တစ်ရပ် ဖြစ်လာ သည့် ဂျပန် ဦးနှောက်ယောင် ရောဂါ ကို ၂၀၁၈ ခုနှစ်မှစတင်ကာ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် ကာကွယ်ရန် စီစဉ်

Jpn1(နေပြည်တော် အောက်တိုဘာ ၃)

မြန်မာနိုင်ငံတွင် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ပြဿနာ တစ်ရပ် ဖြစ်လာသည့် ဂျပန်ဦးနှောက်ရောင် ရောဂါကို ကာကွယ်နိုင်ရေး အတွက် တစ်နိုင်ငံလုံး အနှံ့ ပုံမှန် ကာကွယ်ဆေးထိုးမည့် အစီအစဉ်ကို (၂၀၁၈)ခုနှစ်တွင် စတင် လုပ်ဆောင် သွားမည်ဟု ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သိရသည်။

“အခုက ကျောင်းတွေမှာပဲ အခြေပြုဆေးထိုးလုပ်ငန်းကို လုပ်ဆောင်ထားတယ်၊ လာမယ့်နှစ်ကျရင်တော့ ပိုလီယိုတို့၊ မေးခိုင် ကာကွယ်ဆေး တို့လိုမျိုး အသက်(၉)လပြည့်တာနဲ့ ပုံမှန် ကာကွယ်ဆေးထိုးပေးမယ့် အစီအစဉ်နဲ့ တစ်နိုင်ငံလုံး အနှံ့ လုပ်ဆောင် သွားမှာပါ”တိုးချဲ့ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းမှ ဒုတိယညွှန်ကြားရေးမှုး ဒေါက်တာ ထားထားလင်းကဆိုသည်။

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ကလေး အသက်(၉)လပြည့်ပါက ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေးများ နှင့် အတူ ပူးတွဲထိုးနှံပေးသွားမည် ဖြစ်သည်။

ဂျပန်ဦးနှောင်ရောင် ရောဂါသည် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှနှင့် အနောက်ပစိဖိတ် ဒေသများတွင် အများဆုံးဖြစ်ပွားလေ့ရှိပြီး နှစ်စဉ်သေဆုံးသူ အရေအတွက်မှာ (၁၃၀၀၀)မှ(၂၀၀၀၀)ကြားတွင်ရှိနေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ခန့်မှန်းထားသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*