နိုင်ငံကူးလက်မှတ်လိမ်လည်လျှောက်ထားခဲ့သည့် ကမန် လူမျိုး ၄ ဦးကို လေဆိပ်တွင်ရဲကဖမ်း

နိုင်ငံကူးလက်မှတ်လိမ်လည်လျှောက်ထားခဲ့သည့် ကမန် လူမျိုး ၄ ဦးကို လေဆိပ်တွင်ရဲကဖမ်း
October 2, 2017 Fame Asian

11:50 am
နိုင်ငံကူးလက်မှတ်လိမ်လည်လျှောက်ထားခဲ့သည့် ကမန် လူမျိုး ၄ ဦးကို လေဆိပ်တွင်ရဲကဖမ်း

ရန်ကုန် ၊ အောက်တိုဘာ ၂

အခြားသူတွေရဲ့နိုင်ငံသား စီစစ်ဆေးကဒ်ပြား၊အိမ်ထောင်စုစာရင်းတွေနဲ့ ၂၀၁၆ ခုနှစ်အတွင်းက နိုင်ငံကူးလက်မှတ်များလိမ်လည်လျှောက်ထားရယူခဲ့တဲ့ ကမန်လူမျိုး ၄ ဦးကို စက်တင်ဘာ ၃၀ ရက်နေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရဲကဖမ်းဆီးလိုက်ပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့၊ ၁၀၄၅ အချိန်၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ Bangkok Airways လေကြောင်းလိုင်းနဲ့ ရန်ကုန်လေဆိပ်ကနေ ထိုင်းနိုင်ငံသုဝဏ္ဏဘူမိလေဆိပ်ကို လိုက်ပါမယ့် ချမ်းမြင့်(ခ)ချမ်းချမ်း(၂၄)နှစ် ကမန်/အစ္စလာမ် ကျပန်း (ဘ)ဦးကျော်လှ အရိုးကုန်းရပ်ကွက် တာမွေမြို့နယ်နေသူအပါအ၀င် (၄)ဦးဟာလူဝင်မှု ကြီးကြပ်ရေးကောင်တာမှာ အစစ်ဆေးခံစဉ် သူတို့ရဲ့ နိုင်ငံကူးလက်မှတ်များ လျှောက်ထားမှုနဲ့ပတ်သက်ပြီး စစ်ဆေးရာ အခုလိုစစ်ဆေးပေါ်ပေါက်ပြီးဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေသိရပါတယ်။

သူတို့ဟာ နိုင်ငံသား စိစစ်ရေးကဒ်တွေ မပါရှိဘဲ အခြားသူတွေရဲ့ နိုင်ငံသားစိစစ်ဆေးကဒ်နဲ့ အိမ်ထောင်စုစာရင်း တွေကိုအသုံးပြုပြီး ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံကူးလက်မှတ်များ လိမ်လည် လျှောက်ထား ရယူခဲ့ကြောင်း တွေ့ရှိရတာကြောင့် ဖမ်းဆီးခဲ့တာလို့သိရပါတယ်။

သူတို့ ၄ ဦးကို မင်္ဂလာဒုံမြို့မရဲစခန်းမှာ (ပ)၁၂၉၄/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈(လိမ်လည်မှု/စာရွက်စာတမ်းအတုပြုလုပ်မှု)တို့နဲ့ အမှု ဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*