နယ်မြေအေးချမ်းသာယာ ရေးပျက်ပြားအောင် ဆောင်ရွက်မှု နဲ့ ပြည်NLD အလုပ်အမှုဆောင် ၁ဦး ကို ရဲက အမှုဖွင့်အရေးယူထား

နယ်မြေအေးချမ်းသာယာ ရေးပျက်ပြားအောင် ဆောင်ရွက်မှု နဲ့ ပြည်NLD အလုပ်အမှုဆောင် ၁ဦး ကို ရဲက အမှုဖွင့်အရေးယူထား
October 2, 2017 Asian Fame

11:03 am
နယ်မြေအေးချမ်းသာယာ ရေးပျက်ပြားအောင် ဆောင်ရွက်မှု နဲ့ ပြည်NLD အလုပ်အမှုဆောင် ၁ဦး ကို ရဲက အမှုဖွင့်အရေးယူထား
။ရွှေတံခါးရပ်ကွက်အထကကျောင်းတွင် လူစုလူဝေးဖြစ်ပေါ်ခဲ့စဉ်က

။ရွှေတံခါးရပ်ကွက်အထကကျောင်းတွင် လူစုလူဝေးဖြစ်ပေါ်ခဲ့စဉ်က

(ပြည် ၊ အောက်တိုဘာ ၂)

ပြည်မြို့က N LD ပါတီ အလုပ်အမှုဆောင်တစ်ဦးကို လူစုလူဝေးဖြစ်ပေါ်အောင် ဆောင်ရွက်ခဲ့မှုနဲ့ ဒေသရဲက ပြည်မြို့နယ် အမှတ် ၃ ရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သက်ဆိုင်ရာ ရဲစခန်းက ပြောပါတယ်။

အခုအမှုဖွင့်ခံထားရသူဟာ မြို့နယ်ပါတီ အလုပ် အမှုဆောင် တာဝန်အပြင် မြို့နယ်ပါတီရဲ့ သတင်းနဲ့ပြန်ကြားရေးကိုပါ ပူးတွဲ တာဝန်ယူထားသူ လို့ အမည်မဖော်လိုတဲ့ မြို့နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး က Popular News ကို အမှုဖွင့် အရေးယူခံထားရတဲ့ သတင်းနဲ့ပတ်သတ်လို့ အတည်ပြုပြောပါတယ်။

ပြည်မြို့နယ် အမှတ် ၃ ရဲစခန်း မှ စခန်းမှူး ရဲအုပ် အောင်မြတ်ခိုင်က ပြည်မြို့နယ် N LD အလုပ် အမှုဆောင်သတင်း နဲ့ပြန်ကြားရေးတာဝန်ခံကို ပြည်မြို့က အထကစာသင်ကျောင်းတစ်ခုမှာ လူစုလူဝေးဖြစ်ပေါ်စေခဲ့တဲ့ကိစ္စနဲ့ပတ်သတ်လို့ တရားဥပဒေ စိုးမိုးရေး ၊ နယ်မြေအေးချမ်း သာရေးတို့ကို ပျက်ပြားအောင် ဆောင်ရွက်တယ်ဆိုပြီး အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) နဲ့ ရဲက အမှုဖွင့် ထားတယ်လို့ ပြောပြီး စက်တင်ဘာ ၂၇ ရက်နေ့ကဖြစ်တယ် လို့ ဖြစ်တယ် လို့ပြောပါတယ်။

ပြည်မြို့နယ် N LD အလုပ် အမှုဆောင်၊ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံဖြစ်သူ ဦးကျော်ကျော်ဥာဏ်ဝင်း ဆိုသူဟာ သူ့ရဲ့ ဖေ့ဘွတ်လူမှုကွန်ရက် စာမျက်နှာမှာ မဟုတ်မမှန် သတင်းရေးသားဖြန့်ဝေမှု ကိုဆောင်ရွက် ခဲ့တာဖြစ်တယ်လို့ ပြည်မြို့နယ် အမှတ် ၃ စခန်းမှူး ရဲအုပ်
အောင်မြတ်ခိုင်က ပေါ်ပြူလာနယူးစ် ကို ရှင်းပြပါတယ်။

“ရွှေတံခါး ဆိုတဲ့ ရပ်ကွက်မှာ အထက ကျောင်းတစ်ခု ရှိတယ်။ အဲ့ဒီကျောင်းကို အိန္ဒိယလူမျိုး ၂ ဦးက စက္ကူပန်း အလှပြုလုပ်တဲ့ နည်းလမ်းတွေကျောင်းသားတွေကိုပြချင်လို့ ဆိုပြီး မြို့နယ်ပညာရေးမှူးရုံးရဲ့ ခွင့်ပြုချက်လက်မှတ်နဲ့ ရောက်လာတယ်။ ဒါပေမဲ့ သူတို့စာသင်ကျောင်းကိုမရောက်ခင် မြို့နယ်ပညာရေးမှူး ရုံးကနေ ကျောင်းကို ဖုန်းနဲ့ ပြန်ပြီးပြောလိုက်တယ် နဲ့တူပါတယ်။ ဒီကိစ္စကို လက်မခံဖို့ပေါ့။ ဒီတော့ အဲ့ဒီအိန္ဒိယ လူ ၂ ဦးက ဒုမြို့နယ် ပညာရေးမှူး လက်မှတ်နဲ့ ခွင့်ပြုစာပါတယ်။ ဒါပေမဲ့ ထပ်ဆင့်ဖုန်း နဲ့ ညွှန်ကြားချက်မျိုး ကျောင်းကရထားတယ်နဲ့ တူတယ်။ ၀င်ခွင့်မပြုဘူး။ စာသင့်ကျောင်းတံခါးဝ မှာ အဲဒီလူ ၂ဦးနဲ့ ကျောင်းဆရာမတစ်ဦးက အဲ့ကိစ္စကို ရပ်ပြီးစကားပြောနေတာ။ခွင့်မပြုတော့ သူတို့ လုပ်ထားတဲံ့ စက္ကူပန်းလေးတွေနဲ့ ပြန်သွားကြတယ်။ ဒါကို သူကကုလား ၈ ယောက်က ကားပေါ်ကနေ အဆင့်သင့်စောင့်နေတယ် ဘာညာ ဆိုပြီး ဖေ့ဘွတ်မှာ တက်ရေးတယ်။ သူက အဲ့လိုရေးတော့ ကျောင်းကို ကျောင်းသား မိဘတွေက ကလေးတွေပြန်ခေါ် ဖို့ရောက်လာရော။ အထကကျောင်းကြီး လည်းဖြစ်တော့ လူတွေ အုံသွားတာပေါ့နော် ” လို့ ရဲအုပ် အောင်မြတ်ခိုင် က ဆိုပါတယ်။

လက်ရှိတွင် ဦးကျော်ကျော်ဥာဏ်ဝင်း ကို အမှုဖွင့် တရားစွဲဆိုထားပေမယ့် ဖမ်းဆီးထားခြင်း မရှိသေးကြောင်း ကနဦး အနေနဲ့ သက်သေကိုစစ်ဆေးဆဲ ဖြစ်ကြောင်း ရဲစခန်းကနေ သိရပါတယ်။

“သူ့ကို ဖမ်းဆီးဖို့က နေပြည်တော်ထိသွားပြီး ခွင့်ပြုချက်ယူရဦးမှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကနေ တရားစွဲဆိုခွင့် တောင်ရဦးမှာဖြစ်လို့ လောလောဆယ် မဖမ်းထားသေးပါဘူး” လို့ ရဲအုပ်က ပြောပါတယ်။

အဆိုပါနဲ့ပတ်သတ်ပြီး ပြည်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဦးကျော်ကျော်ဥာဏ်ဝင်း ဟာ မြို့နယ် အလုပ်မှုဆောင်သတင်း နဲ့ပြန်ကြားရေး တာဝန်ခံဖြစ်ကြောင်း ၊သူဟာ ဖေ့ဘွတ်မှာ မမှန်တဲ့ သတင်းတစ်ခုကို ရေးသားခဲ့ပြီး ဒီရေးသားချက်ကြောင့် ဆူပူမှုအနည်းငယ်ဖြစ်ပေါ်ခဲ့ကာ အခုလို တရားစွဲဆို ခံရတာဖြစ်တယ်လို့ ထပ်လောင်းဆိုပါတယ်။

“ဘယ်သူပဲဖြစ်ဖြစ်ပါ တည်ဆဲ ဥပဒေ တစ်ရပ်ကို ဖောက်ဖျက်ရင် ဥပဒေရဲ့ အရေးယူမှုကိုတော့ ခံရမှာပါပဲ ။ ဒီအပေါ်မှာ သီးခြားမှတ်ချက်တော့ပေးစရာ မရှိပါဘူး။ သူကတော့ ပြောတယ်။ ဒီလိုရေးတာ သူတစ်ယောက်တည်း မဟုတ်ဘူးပေါ့နော်။ သူ့တစ်ယောက်တည်းကို တရားစွဲတာ မတရားဘူးပေါ့နော်။ ဒါပေမဲံ့ သူကျူးလွန်ကြောင်းလည်း တစ်မြို့လုံးသိနေတာပါပဲ” လို့ ပြောပါတယ်။

လောလောဆယ် ဦးကျော်ကျော်ဥာဏ်ဝင်းကို ပြည်အမှတ် ၃ ရဲစခန်း ကနေ ရဲက တရားလိုပြုလုပ်ပြီး အမှုဖွင့် တရားစွဲဆိုထားတာဖြစ်ပါတယ်။

အမှုဖွင့်ခံထားရသူကတော့ အဖြစ်မှန်ကို သိတဲ့အတွက် ပိုဒ့်တင်ထားတာကြိုပန်ဖျက်လိုက်တယ်၊သူတစ်ယောက်ထဲကိုအရေးယူတာ တရားမျှတမှု မရှိဘူးလို့ သတင်းမီဒီယာတစ်ခုကိုဖြေထားပါတယ်။

Ye Lwin
Photo Credit -အောင်မင်းပိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*