ပြည်တွင်း၌ စီးပွားဖြစ်ကြက်မွေးမြူမှု အားနည်းသည့်အတွက် (၅)လအတွင်းပြည်ပမှ ကြက်အကောင်ရေ(၁၄)သိန်းကျော်နှင့်ကြက်ဥအလုံးရေ(၃၈)သိန်းကျော်တင်သွင်းခဲ့ရ

ပြည်တွင်း၌ စီးပွားဖြစ်ကြက်မွေးမြူမှု အားနည်းသည့်အတွက် (၅)လအတွင်းပြည်ပမှ ကြက်အကောင်ရေ(၁၄)သိန်းကျော်နှင့်ကြက်ဥအလုံးရေ(၃၈)သိန်းကျော်တင်သွင်းခဲ့ရ
September 29, 2017 Fame Asian

1:37 pm
ပြည်တွင်း၌ စီးပွားဖြစ်ကြက်မွေးမြူမှု အားနည်းသည့်အတွက် (၅)လအတွင်းပြည်ပမှ ကြက်အကောင်ရေ(၁၄)သိန်းကျော်နှင့်ကြက်ဥအလုံးရေ(၃၈)သိန်းကျော်တင်သွင်းခဲ့ရ

နေပြည်တော် စက်တင်ဘာ ၂၉

ယခုဘဏ္ဍာနှစ်(၅)လအတွင်း ပြည်ပမှ ကြက်သားပေါက်အကောင်ရေ (၁၄)သိန်းကျော်နှင့်ကြက်ဥအလုံးရေ (၃၈)သိန်းကျော် တင်သွင်းခဲ့ကြောင်းသိရသည်။ပြည်တွင်းတွင် မွေးမြူနေကြသည့် ကြက်ခြံအများစုမှာ တစ်ပိုင်တစ်နိုင် အိမ်တွင်းလုပ်ငန်းအဖြစ်သာမွေးမြူနေကြပြီးခောတ်မီနည်းစနစ်များနှင့် စီးပွားဖြစ်မွေးမြူသူအရေအတွက်မှာ လွန်စွာနည်းပါးနေကြောင်းကြောင့်ဖြစ်သည်ဟုမွေးမြူရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကြက်သားကြက်ဥစားသုံးမှုက နှစ်စဉ်တိုးတတ်လာပြီး ဈေးကွက်လိုအပ်ချက်ကြီးမားလာခြင်းကြောင့် ပြည်ပမှ နှစ်စဉ် ကြက်သားနှင့်ကြက်ဥများကို တင်သွင်းနေရပြီး ပြည်တွင်း၌ စီးပွားဖြစ်ကြက်ခြံများ ပိုမိုမွေးမြူနိုင်ကြရန် နည်းပညာနှင့် ရင်းနှီးမြုပ်နှံလိုသူများကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဖိတ်ခေါ်လျှက်ရှိနေသည်။

“လက်ရှိစာရင်းတွေအရ မြန်မာနိုင်ငံမှာကြက်အရေအတွက် သန်း(၃၀၀)ကျော်ရှိနေပြီး စီးပွားဖြစ်မွေးမြူနေတာက (၃၉)သန်းလောက်ဘဲရှိလို့ စီးပွားဖြစ်ကြက်ခြံတွေပိုမို အောင်မြင်လာဖို့ ကူညီဆောင်ရွက်သွားပါမယ်”ဟု နေပြည်တော်တွင်ပြုလုပ်သည့် ကြက်မွေးမြူထုတ်လုပ်ရေးဆိုင်ရာဖွံ့ဖြိုးတိုးတတ်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က ထည့်သွင်းပြောဆိုခဲ့သည်။

ကြက်ခြံများကို စီးပွားဖြစ်မွေးမြူနိုင်ရန်နှင့် ရောဂါပိုးမွှားကင်းစင်သော မျိုးကောင်းမျိုးသန့်ကြက်များ ရရှိနိုင်စေရန် ပညာပေးခြင်းနှင့်ကောင်းမွန်သောမွေးမြူရေးအလေ့အကျင့်များ ဖြစ်ထွန်းလာစေရန်တွန်းအားပေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

“ကြက်ခြံတွေမှာအဓိကပြသနာက ကူးစက်ရောဂါဘဲ၊ရောဂါကူးရင်ကြက်ခြံတစ်ခုလုံးဆုံးရှုံးရသလို ပြည်သူတွေကြားမှာလည်းအထိတ်တလန့်တွေဖြစ်စေပြီးကြက်ဈေးကွက်ကြီးတစ်ခုလုံးကို ထိခိုက်တာမျိုးတွေဖြစ်ခဲ့ပါတယ်၊ဒါကြောင့် မျိုးကောင်းမျိုးသန့်ကြက်တွေကို ပြည်တွင်းမှာဘဲ လုံလောက်အောင် မွေးမြူနိုင်ဖို့ တွန်းအားပေးကူညီနေပါတယ်”ဟု မွေးမြူရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးကဆိုသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*