ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်သည့် အစီရင်ခံစာ လူ့အခွင့်အရေးကော်မရှင် က နိုင်ငံတော် သမ္မတထံ တင်သွင်းတော့မည်

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်သည့် အစီရင်ခံစာ လူ့အခွင့်အရေးကော်မရှင် က နိုင်ငံတော် သမ္မတထံ တင်သွင်းတော့မည်
September 29, 2017 Fame Asian

2:33 pm
ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်သည့် အစီရင်ခံစာ လူ့အခွင့်အရေးကော်မရှင် က နိုင်ငံတော် သမ္မတထံ တင်သွင်းတော့မည်

22046692_1573379002724376_8167672606834663520_n

စစ်တွေ၊စက်တင်ဘာ၂၉

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားသည့်အရေးကိစ္စများနှင့် ပတ်သက်သည့် အစီရင်ခံစာတစ်စောင်ကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က နိုင်ငံတော်သမ္မတ ထံသို့ လာမည့်ရက်သတ္တပတ်အတွင်းတွင် တင်သွင်းမည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ယနေ့နေ့လည်ပိုင်းတွင်ပြောသည်။

ရခိုင်အရေးနှင့်ပတ်သတ်သည့် အစီရင်ခံစာတစ်စောင် နိုင်ငံတော်သမ္မတထံသို့ တင်သွင်းမည့် ကိစ္စသည် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် သက်တမ်းတစ်လျှောက်ပထမဦးဆုံးဟု ၎င်းကပြောသည်။

”ဘက်မလိုက်ဘဲ အရှိကိုအရှိအတိုင်း အစီရင်ခံ တင်သွင်းမှာဖြစ်တယ်”ဟု မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်း က မောင်တောမြို့နယ်၊ဘူးသီးတောင်မြို့နယ် နှင့် ရသေ့တောင် မြို့နယ် များသို့ လူအခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ ရက်သတ္တတစ်ပတ်ကြာ သွားရောက်ခဲ့ပြီး ဒေသခံတိုင်းရင်းသားများ၊ဟိန္ဒူများ၊ မွတ်ဆလင်များ၊အုပ်ချုပ်ရေးအဖွဲ့အစည်း၊နယ်ခြားစောင့်တပ်၊ရဲတပ်ဖွဲ့၊တပ်မတော်စသည်တို့နှင့် တွေ့ဆုံမေးမြန်းမှုများလုပ်ခဲ့သည်ဟု သူကပြောပြသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*