န၀မတန်းကျောင်းသား အချို့ ကျောင်းပြင်ပတွင် အုပ်စုဖွဲ့ ရန်ဖြစ်၊ ကျောင်းသား ၃ဦး ဓါးထိုးခံရ၍ ဆေးရုံရောက်

န၀မတန်းကျောင်းသား အချို့ ကျောင်းပြင်ပတွင် အုပ်စုဖွဲ့ ရန်ဖြစ်၊ ကျောင်းသား ၃ဦး ဓါးထိုးခံရ၍ ဆေးရုံရောက်
September 28, 2017 Fame Asian

11:38 am
န၀မတန်းကျောင်းသား အချို့ ကျောင်းပြင်ပတွင် အုပ်စုဖွဲ့ ရန်ဖြစ်၊ ကျောင်းသား ၃ဦး ဓါးထိုးခံရ၍ ဆေးရုံရောက်

popular-crime-logo

ရန်ကုန်၊စက်တင်ဘာ၂၈

ရန်ကုန် တောင်ဥက္ကလာပ အထက(၅) မှ န၀မတန်းကျောင်းသားအချို့ ကျောင်းပြင်ပတွင် အုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြပြီး၊ကျောင်းသား ၃ဦး ဓါးဒဏ်ရာများ အသီးသီး ရခဲ့၍ ဆေးရုံတက်ကုသ ခံယူနေရသည့် မှုခင်းဖြစ်စဉ်တစ်ခု ယမန်နေ့နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု တောင်ဥက္ကလာပမြို့မရဲစခန်း မှ ရဲအရာရှိက ပြောသည်။

၎င်းတို့သည် တောင်ဥက္ကလာပ အထက(၅) ကျောင်းလမ်းနှင့် မာဃ(၅)လမ်းထိပ် တွင် အုပ်စုဖွဲ့ရန်ဖြစ်ခဲ့ကြသည်။

ကျောင်းဝန်းအတွင်း စကားများခဲ့မှုနှင့်ပတ်သတ်၍ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကျောင်းသား ၃ဦးကို ဓါးနှင့်ထိုးခဲ့သည့် အသက်၁၆နှစ်အရွယ်ရှိ ၉တန်းကျောင်းသားက ရဲထံ ကနဦးထွက်ဆိုထားသည်။

တောင်ဥက္ကလာပမြို့မရဲစခန်းမှူး ဒုရဲမှူးသန်းဦးက “လုပ်ထုံးလုပ်နည်းအတိုင်း အမှုဖွင့်အရေးယူထားပါတယ်”ဟု Popular News ကိုပြောသည်။

ရဲမှတ်တမ်းများအရ ယခုနောက်ပိုင်း ကျောင်းဝန်းအတွင်း၊ကျောင်းပြင်ပ၌ ကျောင်းသားလေးများစုရန်ဖြစ်ကြသည့် ဖြစ်စဉ်များရှိကြရာတွင် ဓါးကိုင်ရန်ဖြစ်သည့် ဖြစ်စဉ်တို့ပါ ရှိလာနေသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*