ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် တောင်ပိုင်းတိုးချဲ့နယ်မြေကိစ္စ ဒေသခံများ လမ်းလျှောက် ဆန္ဒပြကန့်ကွက်

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် တောင်ပိုင်းတိုးချဲ့နယ်မြေကိစ္စ ဒေသခံများ လမ်းလျှောက် ဆန္ဒပြကန့်ကွက်
September 28, 2017 Fame Asian

4:32 pm
ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် တောင်ပိုင်းတိုးချဲ့နယ်မြေကိစ္စ ဒေသခံများ လမ်းလျှောက် ဆန္ဒပြကန့်ကွက်

 

ab

ပူတာအို ၊ စက်တင်ဘာ ၂၈

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တောင်ပိုင်းတိုးချဲ့နယ်မြေကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေက ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုတစ်ခု ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။

ပူတာအိုမြို့နယ်မှာ လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုကို  ဒေသခံတွေကပြုလုပ်ခဲ့တာဖြစ်ပြီး မြို့နယ်ပြည်သူ့အားကစားကွင်းကနေပူတာအိုခရိုင်သစ်တော ဦးစီးဌာနရုံးရှေ့နားအထိ” ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အားတောင်ပိုင်းတိုးချဲ့၍ ကမ္ဘာ့အမွေအနှစ်သတ်မှတ်ရန်အလိုမရှိ ၊ WCSဆောင်ရွက်ချက်များ အလိုမရှိ ” စတဲ့လက်ကိုင်ဆိုင်းပုဒ်တွေနဲ့ကြွေးကြော်ခဲ့ကြပါတယ်။

ဇူလိုင်လအတွင်းကထုတ်ပြန်ခဲ့တဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရုံးရဲ့ကြေညာချက်မှာ ပူတာအိုခရိုင်အတွင်းမှာရှိတဲ့ ခါကာဘိုရာဇီအမျိုးသားဥယာဉ်တောင်ပိုင်းကိုတိုးချဲ့နယ်မြေအဖြစ်သတ်မှတ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နယ်မြေအဖြစ်သတ်မှတ်နိုင်ဖို့ ဆောင်ရွက်နေတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။

အခုလို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်မယ့် နေရာအနီးနားမှာ ဒေသခံတွေနေထိုင်နေတဲ့ကျေးရွာတွေတည်ရှိနေတာဖြစ်ပါတယ်။အခုလို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နယ်မြေအဖြစ်ဆောင်ရွက်ဖို့ရည်ရွယ်တဲ့ကိစ္စဟာ ဒေသခံတွေရဲ့သဘောဆန္ဒနဲ့ကိုက်ညီမှုမရှိဘူးလို့လည်း ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူး ပေါင်းဆောင်ရွက်ရေးကော်မတီက ပြောခဲ့ပါသေးတယ်။

အဆိုပါဒေသမှာနေထိုင်တဲ့လူအများစုကတော့ ရ၀မ်တိုင်းရင်းသား/သူတွေဖြစ်တယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မချမ်းဘောမြို့နယ်ဒေသခံပြည်သူတွေကလည်း ကန့်ကွက်ကြောင်းလမ်းလျှောက်ဆန္ဒဖော်ထုတ်မှုပြုလုပ်မယ်လို့သိရပါတယ်။

YL
Photo- Hkun Awng Nlam

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*