ဇွဲကပင်တောင်ပေါ် တွင် ပုပ်ပွနေသည့် လူသေအလောင်းတွေ့

ဇွဲကပင်တောင်ပေါ် တွင် ပုပ်ပွနေသည့် လူသေအလောင်းတွေ့
September 27, 2017 Asian Fame

3:01 pm
ဇွဲကပင်တောင်ပေါ် တွင် ပုပ်ပွနေသည့် လူသေအလောင်းတွေ့

ZweKaBin(မော်လမြိုင် ၊ စက်တင်ဘာ ၂၇)

ကရင်ပြည်နယ် ဘားအံမြို့နယ် ဇွဲကပင်တောင်ပေါ်ရှိ အထက်ရေတံခွန်အနီး ချောက်အတွင်းတွင် ပုတ်ပွနေသည့် လူသေအလောင်း တစ်လောင်း တွေ့ရှိခဲ့သည်ဟု ထုံးအိုင်နယ်မြေ ရဲစခန်းက တာဝန်ကျအရာရှိက ပြောသည်။

စက်တင်ဘာ ၂၆ ရက်နေ့ ကတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလောင်းမှာ အမျိုးသားအလောင်းဖြစ်ကြောင်း နှင့်
ဇွဲကပင်တောင်ပေါ်ရှိ ကရင်မောင်နှမနတ်နန်းမှ အောက်ဘက် ပေ ၅၀၀ အနက်ရှိ ခလောက်နို့ ကျေးရွာအနီးတွင် သေဆုံးနေခြင်းဖြစ်ကြောင်း ထုံးအိုင်နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် ညီညီမိုးမှ ပေါ်ပြူလာနယူးစ် သို့ ပြောကြားသည်။

“မနေ့ညနေ ၅နာရီခွဲလောက်မှာ အလောင်းသယ်ဖို့ ကြိုးစားပေမယ့် ရာသီဥတု အခြေအနေကြောင့် ဒီနေ့မနက် ၆နာရီမှာမှ အလောင်းကို သယ်ဖို့ သွားရတယ်။ ၁၀နာရီခွဲ အချိန်မှာ အလောင်းကို ဘားအံဆေးရုံကြီးကို သွားရောက်ပို့ဆောင်ပေးခဲ့တယ် ”ဟု ၄င်းက ပြောသည်။

သေဆုံးသူသည် ဘားအံ အမှတ် ၃ ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းတွင် နေထိုင်သူဖြစ်ကာ နေအိမ်ကနေ ၂၇ ရက်ကြာ ပျောက်ဆုံးနေသူ ဖြစ်ကြောင်း ရဲကပြောသည်။

“ သေဆုံးနေတဲ့အလောင်းမှာ ပွင့်လင်း ငံပြာရည်တံဆိပ်ပါ ချိုင်းပြတ်စွပ်ကျယ်ကို ၀တ်ထားတယ်။ ပုဆိုးကတော့ အပြာရောင်ကွက်စိပ် ၀တ်ထားတာ တွေ့တယ်။ ကျန်းမာရေးဖိနပ် ကိုတော့ အလောင်းရဲ့အပေါ် ၁၀ပေ ၁၅ပေလောက်မှာ တွေ့ရတာပါ ” ဟု ၄င်းက ပြောသည်။

အလောင်းကို တွေ့ရှိနေရာဖြစ်သည့် ခလောက်နို့ ကျေးရွာသည် အိန္ဒုနယ်မြေအပိုင် ဖြစ်သည့်အတွက် ထုံးအိုင်နယ်မြေ ရဲစခန်းမှ အိန္ဒုနယ်မြေ ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး လက်ရှိတွင် အိန္ဒုနယ်မြေ ရဲစခန်းမှ သေမှုသေခင်းဖွင့်၍ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ချမ်းလေး (အိုင်တီ)
ဓါတ်ပုံ – Nay Lin Aung

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*