ပြည်​သူ့အကျိုးကို သယ်​ပိုးနိုင်​တဲ့ ပါတီဖြစ်​​အောင် ​ကြိုးစားတည်​​ဆောက်​ပါလို့ NLD ပါတီကို ပြည်ခိုင်ဖြိုးအကြံပြု

ပြည်​သူ့အကျိုးကို သယ်​ပိုးနိုင်​တဲ့ ပါတီဖြစ်​​အောင် ​ကြိုးစားတည်​​ဆောက်​ပါလို့ NLD ပါတီကို ပြည်ခိုင်ဖြိုးအကြံပြု
September 27, 2017 Fame Asian

12:31 pm
ပြည်​သူ့အကျိုးကို သယ်​ပိုးနိုင်​တဲ့ ပါတီဖြစ်​​အောင် ​ကြိုးစားတည်​​ဆောက်​ပါလို့ NLD ပါတီကို ပြည်ခိုင်ဖြိုးအကြံပြု

22050055_1571423499586593_2968274847335350293_n

ရန်ကုန်၊ စက်တင်ဘာ ၂၇

ပြည်သူ ယုံကြည်အားကိုးရပြီး ပြည်သူ့အကျိုးကိုသယ်ပိုးနိုင်တဲ့ပါတီဖြစ်အောင်ကြိုးစားတည်ဆောက်ပါလို့ NLD ပါတီကို အကြံပြုလိုကြောင်း ပြည်ခိုင်ဖြိုးပါတီမှပြောရေးဆိုခွင့်ရှိ သူ ဒေါက်တာနန္ဒာလှမြင့်က    ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။၎င်းတို့ပါတီအနေနဲ့လည်း အဲဒီလိုဖြစ်အောင် ကြိုးစားတည်ဆောက်သွားမယ်လို့လည်းဆိုပါတယ်။

၂၉နှစ်ပြည့်မြောက်သွားပြီဖြစ်တဲ့ NLD ပါတီရဲ့ နှစ်ပတ်လည်နေ့အနေနဲ့ အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ပြည်ခိုင်ဖြိုးပါတီကို မှတ်ချက်မေးမြန်းရာမှာ ပြည်ခိုင်ဖြိုးပါတီမှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က အခုလိုပြောကြားလိုက်တာပါ။

“ကျွန်တော်တို့လည်းကြိုးစားမယ် တည်ဆောက်မယ်။ နိုင်ငံရေးအင်အားစုတွေအားကောင်းဖို့လိုတယ် ဒါမှပြည်သူလူထုက ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပြည်ခိုင်ဖြိုးကိုရွေးလည်း တိုင်းပြည်အတွက်ကောင်းကောင်းမွန်မွန်ဦးဆောင်သွားနိုင်တဲ့နိုင်ငံရေးအင်အားစုဖြစ်ရမယ် ။
NLD ကိုရွေးလည်း တိုင်းပြည်က တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်းဦးဆောင်နိုင်ဖို့လိုတယ် ” လို့ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

နိုင်ငံရေးပါတီအင်အားစုတွေအားကောင်းနေမှ ပြည်သူလူထုအကြိုးစီးပွားကိုဆောင်ရွက်နိုင်မှာဖြစ်ပြီး အာဏာရဖို့တစ်ခုတည်း ဦးတည်ယှဉ်ပြိုင်နေရင် တိုင်းပြည်နာမယ်လို့ ပြည်ခိုင်ဖြိုးပါတီမှ ပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်က ဆိုပါတယ်။

” ဒီမိုကရေစီနိုင်ငံတိုင်းမှာ နိုင်ငံရေးအင်အားစုတွေးကအင်အားတောင့်တင်းဖို့လိုတယ် အရည်အသွေးပြည့်ဝနေဖို့လိုတယ် ပြည်သူလူထုရဲ့သဘောသဘာဝကိုက ပါတီတစ်ခုတည်းကို အမြဲတမ်းမဲပေးရွေးချယ်နေမှာမဟုတ်ဘူးလေ ကမ္ဘာ့ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးတွေမှာတောင်မှ ပညာတက်များပြီး ဒီမိုကရေစီယဉ်ကျေးမှုနဲ့ တစ်သားတည်းဖြစ်နေတာတောင်မှ အစိုးရတစ်ရပ်တည်းကို အကြာကြီးမဲမပေးဘူးလေ သက်တမ်း၂ခုလောက်ဆိုရင် နောက်ပါတီတစ်ခုကိုဒီလိုပဲပြောင်းလဲရွေးချယ်ကြတာပဲ ဒါသဘောသဘာဝပဲလေ မြန်မာနိုင်ငံမှာ အဓိကပါတီတွေဖြစ်တဲ့ NLDပါတီ ပြည်ခိုင်ဖြိုးပါတီပေါ့ ပြည်ထောင်စုအဆင့်လုပ်နိုင်တဲ့ပါတီကြီးတွေ။ဒီနိုင်ငံရေးပါတီတွေက အင်အားတောင့်တင်းဖို့လိုတယ်ခိုင်မာဖို့လိုတယ်။ ပြည်သူကတာဝန်ပေးလာလို့ရှိရင် တိုင်းပြည်ရဲ့တာဝန်ကို ပြည့်ပြည့်ဝဝနဲ့ ကိုယ်ကျိုးမဖက် ပေးဆပ်ပြီး တိုင်းပြည်ကိုအရည်အချင်းရှိရှိနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းလုံခြုံအောင် ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်တဲ့အရည်အသွေးတွေရှိဖို့လိုတယ်”လို့ဒေါက်တာနန္ဒာလှမြင့်ကဆက်ပြောပါတယ်။

ပြည်သူနဲ့အတူ မူဝါဒသစ်ကို ချမှတ်ဖို့ သတ္တိရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ကျရောက်တဲ့ ၄င်းတို့ပါတီရဲ့ ၂၉နှစ်မြောက်နှစ်ပတ်လည်နေ့မှာထုတ်ပြန်ပါတယ်။စိန်ခေါ်မှုနဲ့ ဖိအားတွေကြောင့်လည်း ဒီမိုကရေစီလမ်းကြောင်းက သွေဖယ်အာရုံပြောင်းသွားမှာမဟုတ်ဘူးလို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၂၇ရက်နေ့မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂၀၁၀ခုနှစ် ဧပြီလ ၂၉ရက်နေ့က ပါတီတည်ထောင်ခွင့်စတင်လျောက်ထားခဲ့ပြီး ၂၀၁၀ ဇွန်လ ၈ရက်နေ့က ပါတီမှတ်ပုံတင်ခွင့်ရခဲ့တဲ့ပါတီဖြစ်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*