ငဖဲမြို့နယ်ထဲက စာသင်ကျောင်းမျက်နှာကျက်ပြိုကျ

ငဖဲမြို့နယ်ထဲက စာသင်ကျောင်းမျက်နှာကျက်ပြိုကျ
September 27, 2017 Fame Asian

6:12 pm
ငဖဲမြို့နယ်ထဲက စာသင်ကျောင်းမျက်နှာကျက်ပြိုကျ

22007377_1962723363981234_7523205355725392471_n

ရန်ကုန်၊စက်တင်ဘာ ၂၇

မကွေးတိုင်း ငဖဲမြို့နယ်ထဲက ဆောက်ထားတာမကြာသေးတဲ့ အခြေခံပညာကျောင်းတစ်ကျောင်းရဲ့ မျက်နှာကြတ်တစ်ခုပြိုကျမှု စက်တင်ဘာ ၂၆ရက်နေ့မနက်ကဖြစ်ပွားခဲ့ပါတယ်။

အဲ့အခြေခံပညာကျောင်းဟာဆိုရင် မကွေးတိုင်း ၊ငဖဲမြို့ မြို့မရပ်ကွက်က အခြေခံပညာမူလတန်းကျောင်းဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်နေ့ မနက် ၁၂နာရီကျော်လောက်က ပြိုကျခဲ့တာဖြစ်တယ်လို့ ငဖဲမြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်ပဆောင်ကပြောပါတယ်။

စာသင်ကျောင်းရဲ့ လှေကားခွင် အပေါ်က မျက်နှာကြတ်ပြိုကျခဲ့တာဖြစ်ပါတယ်။

“မနေ့ကဖြစ်တာပါ။ကလေးတွေက စာမေးပွဲပြီးလို့ ထမင်းစားပြန်တဲ့အချိန် ဖြစ်တာ။ဆရာမ သုံးယောက်က ရုံးခန်းမှာ ထမင်းစားနေတာ။ဘယ်သူမှ မထိပါဘူး။ “လို့ ၎င်းကပြောပါတယ်။

ငဖဲမြို့မ အခြေခံပညာမူလတန်းကျောင်းဆောက်လုပ်ထားတာဟာဆိုရင် သက်တမ်း ၂နှစ်နဲ့၃လသာရှိသေးပြီး မကွေးစတားကုမ္ပဏီက တင်ဒါကျလို့ ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ ၎င်းကဆက်ပြောပါတယ်။

လှေကားခွင်နေရာရဲ့အပေါ်မှာရှိတဲ့ မျက်နှာကြတ်ဟာဆိုရင် အလျား၂၂ပေ အနံ၁၀ပေရှိပြီး အမြင့်ပေ၂၀က ပြုတ်ကျတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ငဖဲစည်ပင်သာယာရေးတို့နဲ့ အစည်းအဝေးလုပ်ပြီး ဘယ်လောက်ပျက်စီးတယ်၊ဘယ်နေရာတွေက စိုးရိမ်ရတယ်ဆိုတာတွေ လေ့လာပြီး ပြင်ဆင်ဖို့လုပ်နေတယ်လို့ သိရပါတယ်။

ပြိုကျတဲ့အချိန်ကလေးတွေသာရှိနေခဲ့ရင် မလိုလားအပ်တဲ့ အန္တရာယ်တွေဖြစ်လာနိုင်တဲ့အတွက် ကျောင်းဆောက်ခဲ့တဲ့ ကန်ထရိုက်တွေ အပေါ်ဘယ်လိုလုပ်သွားမလဲဆိုတာကိုလည်း အစည်းအဝေးလုပ်ဦးမယ်လို့ သိရပါတယ်။

သီဟ
Photo Credit- မြန်မာ့အလင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*