ထွေ​အုပ်ဝန်ထမ်းအချို့ ​မြေယာနဲ့ ဆက်​စပ်​တဲ့ အမှု​တွေနဲ့ တိုင်တန်းခံနေရ

ထွေ​အုပ်ဝန်ထမ်းအချို့ ​မြေယာနဲ့ ဆက်​စပ်​တဲ့ အမှု​တွေနဲ့ တိုင်တန်းခံနေရ
September 26, 2017 Fame Asian

11:42 am
ထွေ​အုပ်ဝန်ထမ်းအချို့ ​မြေယာနဲ့ ဆက်​စပ်​တဲ့ အမှု​တွေနဲ့ တိုင်တန်းခံနေရ
3

မြေယာကိစ္စနဲ့ ပတ်သက်ပြီး အဂတိတိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ တရားစွဲဆိုမှုကို ခံထားတဲ့ ကရင်ပြည်နယ်အုပ်ချုပ်ရေးဟောင်းဦးပြုံးချိုနဲ့ အပေါင်းအပါများကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ရုံးတွင် ရုံးထုတ်လာစဉ်။

ရန်ကုန် ၊ စက်တင်ဘာ ၂၆

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေကို အရေးယူပေးဖို့ တိုင်ကြားလာကြတဲ့ ကိစ္စတွေထဲမှာ မြေယာနဲ့ ဆက်စပ်တဲ့ အမှုကိစ္စက အများဆုံးဖြစ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူက Popular News ကိုပြောပါတယ်။

ဒီလိုတိုင်ကြားလာမှုတွေကို မှန်/မမှန်စစ်ဆေးပြီး အရေးယူတာမျိုးတွေ လုပ်နေကြောင်း နဲ့ တိုင်စာ အရေအတွက်၊အရေးယူလိုက်တဲ့အရေအတွက်ကိုတော့ သူက ပြောမပြပါဘူး။

“ဝန်ထမ်းစည်းမျဉ်းစည်းကမ်းဖျောက်ဖျက်၍ဖြစ်စေ၊ တိုင်ကြားမှုအရဖြစ်စေ၊ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် အတိမ်အနက်အပေါ် မူတည်ပြီး နိုင်ငံဝန်ထမ်းဥပဒေ နည်းဥပဒေများနဲ့အညီ အရေးယူ အပြစ်ပေး ထုတ်ပယ် လိုက်ရတဲ့ ဝန်ထမ်းများရှိပါတယ်”လို့ အထက်ပါပြောခွင့်ရအရာရှိကက ထပ်ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဒုညွှန်ချုပ်အဆင့်ရှိ ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးကို မြေယာကိစ္စနဲ့ ပတ်သတ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲထားပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*