4:42 pm
(မုံရွာ၊ စက်တင်ဘာ ၂၅)
နိုင်ငံခြားသားတွေ စီးနင်းလိုက်ပါလာတဲ့ အပျော်စီး သင်္ဘော တစ်စီးဟာ မုံရွာမြို့ အ၀င် အလုံ ချင်းတွင်းတံတား တံတားတိုင်ကို ၀င်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ဒီဖြစ်စဉ်မှာ တံတားတိုင်အမှတ် P-4 တိုင်ကိုဝင်တိုက်မိတာဖြစ်ပြီး မင်းကင်းမြို့ကနေ မုံရွာကိုစုန်ဆင်းလာစဉ် ရေစီးကြောင့်အရှိန်မထိန်းနိုင်ဘဲ အခုလို ပွတ်တိုက်မိတာဖြစ်တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန့်ညွှန့်ဝင်းက “ကြီးကြီးမားမားထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး။ သွားပွတ်မိတဲ့သဘောပါပဲ” လို့ ဆိုပါတယ်။
ပွတ်တိုက်မှုကြောင့် သင်္ဘောရဲ့ ကိုယ်ထည်အနည်းငယ်ထိခိုက်မှုရှိပြီးသင်္ဘောဝန်ထမ်း ၁၀ ဦးလောက် ပွန်းပဲ့ဒဏ်ရာရရှိတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ သင်္ဘောမောင်းသူကပ္ပတိန်ကို မုံရွာမြို့မရဲစခန်းမှာ ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့လည်းသိရပါတယ်။
YL
Photo Credit — Min Kan Si