ဖော်မလင်အသုံးပြုထားတဲ့ ပဲပြားပဲသွေး လုပ်ငန်းရှင်တွေကို စတင်အရေးယူဖို့ FDA စီစဉ်နေ

ဖော်မလင်အသုံးပြုထားတဲ့ ပဲပြားပဲသွေး လုပ်ငန်းရှင်တွေကို စတင်အရေးယူဖို့ FDA စီစဉ်နေ
September 25, 2017 Fame Asian

4:04 pm
ဖော်မလင်အသုံးပြုထားတဲ့ ပဲပြားပဲသွေး လုပ်ငန်းရှင်တွေကို စတင်အရေးယူဖို့ FDA စီစဉ်နေ

21764715_1823872891207018_7128857337953281103_n

နေပြည်တော် စက်တင်ဘာ ၂၅

ဈေးကွက်အတွင်းမှာ ရောင်းချနေသည့် ပဲပြား၊ပဲသွေးများကို ဒြပ်ခွဲစမ်းသပ်မှုများ ပြုလုပ်နေပြီး စားသုံးရန်မသင့်သည့် ကြာရှည်ခံဆေး ဖော်မလင်များကို ထည့်သွင်း အသုံးပြုထုတ်လုပ်ထားပါက အရေးယူမှုများစတင်ပြုလုပ်သွားတော့မည်ဖြစ်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှသိရသည်။

“ဈေးကွက်ထောက်လှမ်းတာတွေပြုလုပ်ချိန်မှာရန်ကုန်က ဈေးတွေမှာရောင်းနေတဲ့ပဲသွေး(၉၅)ရာခိုင်နှုန်းလောက်အထိဖော်မလင်တွေ ပါဝင်နေတယ်၊ကျနော်တို့က ပစ္စည်းသိမ်းတာတွေ၊ထုတ်လုပ်ရောင်းချသူတွေကိုခံဝန်ထိုးသတိပေးတာတွေလုပ်ပြီးပြီ၊အခုအရေးယူမှုအပိုင်းကိုစတင်တော့မယ်”ဟု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

နေပြည်တော်၊ရန်ကုန်နဲ့မန္တလေးမြို့ကြီးများအပြင် တစ်နိုင်ငံလုံးရှိ စည်ပင်သာယာပိုင်ဈေးများနှင့်ပုဂ္ဂလိကဈေးဝယ်စင်တာများကိုပါရှောင်တခင်စစ်ဆေးခြင်းများပြုလုပ်သွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက အမျိုးသားအစားအသောက်ဥပဒေဖြင့် အရေးယူသွားမည်ဟုသိရသည်။

“FDAက ပြည်သူတွေပါးစပ်ထဲမရောက်ခင် နောက်ဆုံးခံစစ်ပါ၊ဒါကြောင့် ထုတ်လုပ်သူတွေအနေနဲ့ သတိပေးမှုတွေအတန်တန်လုပ်ထားပါရဲ့နဲ့ မလိုက်နာရင်တော့ ညှာမနေနိုင်ပါဘူး၊အရေးယူရမှာပါဘဲ”ဟုနေပြည်တော် FDA မှအကြီးတန်းအရာရှိတစ်ဦးကဆိုသည်။

ယခုလ(၂၂)ရက်နေ့မှစတင်စစ်ဆေးခဲ့ပြီး ဖော်မလင်ပါဝင်သောပဲပြားပဲသွေး ထုတ်လုပ်သူ(၂)ဦးကို အမှုဖွင့်အရေးယူမှုများပြုလုပ်ထားကြောင်းသိရသည်။ပြည်တွင်း၌ထုတ်လုပ်ရောင်းချနေသည့် ပဲပြားပဲသွေးလုပ်ငန်းရှင်များကို တာရှည်ခံတေးဖော်မလင်များအသုံးမပြုကြရန် အသိပညာပေးခြင်းအပါအဝင် ခံဝန်ကတိများ ထိုးစေခြင်းစသည့် အဆင့်ဆင့် ကြပ်မတ်မှုများပြုလုပ်ပြီးနောက် မလိုက်နာသည့် ထုတ်လုပ်သူလုပ်ငန်းရှင်များကို စစ်ဆေးအရေးယူရန် စီစဉ်နေခြင်းဖြစ်သည်။

အောင်ပြည့်စုံ

Photo ;FDA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*