ဘီးလင်းမြို့က ငရုတ်သီးမှုန့်တချို့တွင် ကင်ဆာဖြစ်စေသော မှိုပါဝင်နေဟုဆို

ဘီးလင်းမြို့က ငရုတ်သီးမှုန့်တချို့တွင် ကင်ဆာဖြစ်စေသော မှိုပါဝင်နေဟုဆို
September 25, 2017 Fame Asian

5:40 pm
ဘီးလင်းမြို့က ငရုတ်သီးမှုန့်တချို့တွင် ကင်ဆာဖြစ်စေသော မှိုပါဝင်နေဟုဆို

21687928_1961850080735229_5701024569679465882_n

မော်လမြိုင်၊ စက်တင်ဘာ ၂၆

ဘီးလင်းမြို့နယ်မှ ယူဆောင်လာသည့် နမူနာ ငရုတ်သီးမှုန့်များတွင် ကင်ဆာရောဂါဖြစ်စေနိုင်သော Aflatoxin B1 မှိုပါဝင်နေကြောင်း မွန်ပြည်နယ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးနိုင်ကပေါ်ပြူလာနယူးစ်သို့ပြောကြားသည်။

မွန်ပြည်နယ်အတွင်းရှိ ငရုတ်သီးဈေးကွက်များတွင် ကင်ဆာရောဂါဖြစ်စေနိုင်သော Aflatoxin B1 မှိုအဆိပ်ပါဝင်မှု မရှိစေရေး မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ရှောင်တခင်စစ်ဆေးမှုများမကြာခဏ ပြုလုပ်လျက်ရှိရာ ယခုကဲ့သို့စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အခုလက်ရှိမှာ ကျွန်တော်တို့ ဈေးကွက်နမူနာ ပုံမှန်ယူနေတယ်။ဘီးလင်းက ယူလိုက်တဲ့ (ငရုတ်သီး) နမူနာမှာလည်း 1 ပါတယ်။ကျွန်တော် FDA ရဲ့ထောက်ခံချက်ရပြီး မှိုကင်းစင်တဲ့အခါမှသာ ဈေးကွက်ထဲကို ဖြန့်ဖြူးခွင့်ပေးမှာပါ။ဘီးလင်းမြို့က ယူလိုက်တဲ့ နမူနာမှာလည်း Aflatoxin B1မှိုအဆိပ်ပါနေတာတွေတွေ့ရတယ်။” ဟု ဦးစိုးနိုင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကလည်း မွန်ပြည်နယ်ရှိ ငရုတ်သီးမှုန့်များကို စစ်ဆေးရာတွင် ယင်းမှိုများကိုတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် မှိုအဆိပ်ပါဝင်မှုနှုန်းသည် မွန်ပြည်နယ်က အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

Aflatoxin B 1 မှိုအဆိပ်ကို စားသောက်မိပါက အသည်းခြောက်ခြင်း၊ အသည်းတွင် အမာရွတ်ဖြစ်ခြင်း၊ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဦးနှောက်သေးခြင်း၊ဥာဏ်ရည်နိမ့်ပါးသည့် ကလေးများမွေးဖွားနိုင်ခြင်းစသည့် ရောဂါဆိုးများ ဖြစ်ပွားစေကြောင်းသိရသည်။

မွန်ပြည်နယ်တွင် FDA ၏ ထောက်ခံချက်ရမှသာ ထုတ်လုပ်ခွင့် ပေးမှာဖြစ်ပြီးလက်ရှိတွင် ၀င့်ထည်ဖြိုးမောက်(ရှူးရှဲတံဆိပ်)၊ ကိုလှထွန်း၊ဦးငွေစိုး၊နံပါတ်ဝမ်းနှင့် ရွှေကျီး-ရွှေဝတီ ငရုတ်သီးမှုန့်လုပ်ငန်းများက ထုတ်လုပ်ခွင့်ရရှိထားကြောင်း၊ ထုတ်လုပ်ခွင့်ရလုပ်ငန်းများအနေဖြင့် မှိုအဆိပ်ရှိ မရှိ စစ်ဆေးခံယူပြီးမှသာ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးခွင့်ပေးသွားမှာဖြစ်ကြောင်း မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဆိုသည်။

သတင်း Arkar Min

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*