တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့တဲ့ ကိုနေလင်းစိုးကို ထောင်၂လချ

တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့တဲ့ ကိုနေလင်းစိုးကို ထောင်၂လချ
September 25, 2017 Fame Asian

5:52 pm
တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့တဲ့ ကိုနေလင်းစိုးကို ထောင်၂လချ

1

ရန်ကုန် ၊ စက်တင်ဘာ ၂၅

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေးဖို့ဆိုပြီး ရန်ကုန်မြို့ ၊ မြို့ တော်ခန်းမရှေ့ မှာ တစ်နေ့ က တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့တဲ့ ကိုနေလင်းစိုး(ခ)ကိုဖိုးစနေကို ကျောက်တံတားတရားရုံးက ထောင်ဒဏ်၂လချမှတ်လိုက်တယ်လို့ ကျောက်တံတားမြို့ နယ်ရဲစခန်းကေ
ပ်ါပြူလာနယူးစ်ကိုပြောပါတယ်။

2

၎င်းဟာ စက်တင်ဘာလ ၂၃ ရက်နေ့ က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေးဖို့ ၊တပ်မတော်က တရားစွဲဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ လက်ရှိဖမ်းဆီးခံထားရတဲ့ ကလေးစစ်သားဖြစ်ဖူးသူ ကိုအောင်ကိုထွေးကိုပြန်လွှတ်ပေးဖို့စတဲ့
အချက်တွေကို မြို့ တော်ခန်းမရှေ့ မှာ တစ်ကိုယ်တော်တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ဆန္ဒပြနေစဉ်အချိန်အတွင်းမှာပဲ ကျောက်တံတားမြို့ နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များရောက်လာပြီး ပုဒ်မ ၁၉ နဲ့ လာရောက်ဖမ်းဆီးတဲ့အတွက် ကိုဖိုးစနေကိုယ်တိုင် ကျောက်တံတားရဲ
စခန်းကို လမ်းလျောက်ချီတက်ပြီး အဖမ်းခံခဲ့တာပါ။

3

ဒါပေမယ့်လည်း ၎င်းအပေါ်ယခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်ဟာ တစ်နေ့ က ဆန္ဒဖော်ထုတ်ခဲ့မှုကြောင့် မဟုတ်သေးဘဲ ယခင် တရားစွဲခံထားရတဲ့ အမှုဟောင်းတွေထဲက တစ်ခုကို ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ ကျောက်တံတားမြို့ နယ်က တာဝန်ကျရဲအရာရှိကပြော
ပါတယ်။ ” သူက အရင်ပုဒ်မ ၁၉ စွဲခံထားရပြီးတော့ ကျောက်တံတားတရားရုံးကိုမလာလို့ ဆိုပြီး ဖမ်းဝရမ်းထုတ်ခံထားရတာ အခု အဲဒီဝရမ်းအရ ဖမ်းလိုက်ပြီး ပြစ်ဒဏ်ချလိုက်တာပါ ” လို့ ရဲအရာရှိကပြောပါတယ်။ကိုနေလင်းစိုးဟာ ပုဒ်မ၁၉နဲ့တရားစွဲဆိုခံထားရတဲ့အမှု ၄ မှုရှိနေတယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*