သေနတ် ၊ မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် ခွန်မင်းဦးသည် PNLO ကမဟုတ်ဟုဆို

သေနတ် ၊ မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် ခွန်မင်းဦးသည် PNLO ကမဟုတ်ဟုဆို
September 22, 2017 Fame Asian

11:24 am
သေနတ် ၊ မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် ခွန်မင်းဦးသည် PNLO ကမဟုတ်ဟုဆို

a

ရန်ကုန်၊စက်တင်ဘာ ၂၂

အင်းစိန်ကတည်းခိုခန်းတစ်ခုမှာ မူးယစ်မှု ၊ လက်နက်မှုတွေနဲ့ဖမ်းခံရတဲ့ ခွန်မင်းဦး ဆိုသူဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်PNLO ပတ်သက်မှုမရှိဘူးလို့ PNLO က ငြင်းဆိုလိုက်ပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့ ၉ နာရီကျော်လောက်က ရန်ကုန်မြို့ အင်းစိန်မြို့နယ်ထဲက တည်းခိုခန်းတစ်ခုကို သတင်းရရှိချက်အရ ရဲက၀င်ရောက်ရှာဖွေရာမှာ ခွန်မင်းဦးဆိုသူနဲ့ အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးဝါး ၊ လက်နက်အချို့နဲ့အတူဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ခွန်မင်းဦးကို စိတ်ကြွမူးယစ်ဆေးပြားအချို့ ၊ Ice အချို့ ၊ ပစ္စတိုတစ်လက် ၊ ကျည်ဆံ ၊ လက်ပစ်ဗုံး တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ခွန်မင်းဦးဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်PNLO က လူတစ်ဦးဖြစ်တယ်လို့ ရဲက ဆိုထားပါတယ်။

21686390_1960371130883124_7615322405795836671_n

“PNLO လုံခြုံရေးနဲ့ သယ်ယူပို့ဆောင်ရေးတာဝန်ခံကိုကျွန်တော်တို့စခန်းကမဖမ်းထားပါဘူး။ ကျွန်တော်တို့စခန်းက အမှုပဲဖွင့်ပေးရတာ။ကျန်တာက တိုင်းတပ်ဖွဲ့မှူးရုံး မူးယစ်အထူးတပ်ဖွဲ့၄၁က အရေးယူတာပါ။သူ့ကို စော်ဘွားကြီးကုန်းရပ်ကွက် လေဆိပ်ရိပ်သာလမ်းက တည်းခိုခန်းတစ်ခုမှာ အမျိုးသမီးငယ်တစ်ဦးနဲ့ အတူဖမ်းမိတာ” လို့ အင်းစိန်မြို့မရဲစခန်းရဲ့တာဝန်ကျတာဝန်မှူးကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ခွန်မင်းဦးဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLOရဲ့ လုံခြုံရေးနဲ့ သယ်ယူပို့ဆောင်ရေးတာဝန်ခံ ဖြစ်တယ်လို့လည်း လူမှုကွန်ရက်မှာ ပြောဆိုနေကြပါတယ်။

ဒါနဲ့ပတ်သတ်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်PNLO ရဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “၂၀၁၃/ ၂၀၁၄ ကတည်းက အဖွဲ့ဝင်မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ခရီးသွားတဲ့အခြေအနေမှာ ကူညီပေးခဲ့ဖူးတာတော့ရှိတယ်။ တပ်ဖွဲ့ဝင်၊အဖွဲ့ဝင်မဟုတ်ပါဘူး။ အခုလိုထွက်ဆိုတာကတော့ လုံးဝမှားယွင်းပါတယ်။ ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကြေညာချက်တစ်စောင်ထုတ်ပါမယ်။ အခုလုပ်နေပါတယ်။ မကြာခင်ထုတ်ပါမယ်” လို့ ပေါ်ပြူလာနယူးစ်ရဲ့မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားခဲ့ပါတယ်။

လက်ရှိမှာ ခွန်မင်းဦးကို လက်နက်ကိုင်ဆောင်မှု၊မူးယစ်ဆေးဝါးမှု (ပ)၁၅/၁၉(က)/၂၂(ခ) တို့နဲ့ အင်းစိန်မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

မူးယစ်အထူးတပ်ဖွဲ့ စစ်ကြောရေးအဖွဲ့ကနေ စစ်ဆေးဖော်ထုတ်ဖို့ တာဝန်ယူထားတယ်လို့လည်း ရဲစခန်းကနေသိရပါတယ်။

PNLO ဟာ အစိုးရနဲ့ NCA စာချုပ်လက်မှတ်ရေးထိုးပြီးငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပါတယ်။

YL ၊ TH

Photo Credit – AyeMin

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*