ယခုဘဏ္ဍာနှစ် အတွင်း ကဏ္ဍ(၄)ခု အတွက်ချေးငွေ ကျပ်(၇၀၀) ဘီလီယံ အထိ ထုတ်ချေးရန် ဆောက်ရွက်နေ

ယခုဘဏ္ဍာနှစ် အတွင်း ကဏ္ဍ(၄)ခု အတွက်ချေးငွေ ကျပ်(၇၀၀) ဘီလီယံ အထိ ထုတ်ချေးရန် ဆောက်ရွက်နေ
September 22, 2017 Asian Fame

12:07 pm
ယခုဘဏ္ဍာနှစ် အတွင်း ကဏ္ဍ(၄)ခု အတွက်ချေးငွေ ကျပ်(၇၀၀) ဘီလီယံ အထိ ထုတ်ချေးရန် ဆောက်ရွက်နေ

NPT(ရန်ကုန် စက်တင်ဘာ ၂၂)

ယခုဘဏ္ဍာနှစ်အတွင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတတ်ရေးတွင် အရေးကြီးသည့်ကဏ္ဍ(၄)ခုအတွက် ကျပ်ဘီလီယံ (၇၀၀)အထိ ထုတ်ချေးသွားရန် စီစဉ်ထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှသိရသည်။

ယမန်နေ့နေ့လည်ပိုင်းက နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် ချေးငွေများထုတ်ချေးခြင်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ” စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအတွက် နှစ်အလိုက်ချေးငွေ ကျပ် ၂ဝဝ ဘီလီယံ၊ SMEs အတွက် နှစ်အလိုက် ချေးငွေကျပ် ၂၅ဝ ဘီလီယံ၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် နှစ်အလိုက် ချေးငွေကျပ် ၅ဝ ဘီလီယံ၊ မြန်မာ့စီးပွားရေးဘဏ် ချေးငွေကဏ္ဍအတွက် နှစ်တိုချေးငွေကျပ် ၂ဝဝ ဘီလီယံ စုစုပေါင်း ငွေကျပ် ၇ဝဝ ဘီလီယံအား ထုတ်ချေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

၎င်းချေးငွေများကို ဂျပန်နိုင်ငံ JICA မှ သက်သာသော အတိုးနှုန်းများနှင့် ထုတ်ချေးပေးမည်ဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် ကဏ္ဍများကို ဦးစားပေး ချေးသွားရန် စီစဉ်နေကြောင်းသိရသည်။

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း(SMEs)များအတွက်ကိုလည်း မြန်မာ့စီးပွားရေးဘဏ်မှတဆင့် နှစ်ရှည် ချေးငွေများကို သက်သာသောအတိုးနှုန်းဖြင့် ချေးပေးနိုင်ရန် စီစဉ်နေသည်။

JICA ချေးငွေအကူအညီဖြင့် စိုက်ပျိုးတောင်သူများအတွက်ကိုလည်း ထိရောက်သောချေးငွေပမာဏများကို နှစ်လတ် စီမံချင်ဖြင့် ထုတ်ချေးပေးရန် ယခုဘဏ္ဍာနှစ်အတွင်းစတင်မည်ဟု သိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*