၅ ကြိမ်မြောက် Myanmar Water 2017 မှာ ကုမ္ပဏီပေါင်း(၁၈၀)ကျော်မှနည်းပညာများပြသသွားမည်

၅ ကြိမ်မြောက် Myanmar Water 2017 မှာ ကုမ္ပဏီပေါင်း(၁၈၀)ကျော်မှနည်းပညာများပြသသွားမည်
September 22, 2017 Asian Fame

6:17 pm
၅ ကြိမ်မြောက် Myanmar Water 2017 မှာ ကုမ္ပဏီပေါင်း(၁၈၀)ကျော်မှနည်းပညာများပြသသွားမည်

f(ရန်ကုန် ၊ စက်တင်ဘာ ၂၂)

နိုင်ငံပေါင်း ၂၀ မှ ရေဆိုးရေညစ်သန့် စင်ရေးနည်းပညာပြပွဲအဖြစ် ကျင်းပမယ့်(၅) ကြိမ်မြောက် Myanmar Water 2017 ပွဲကို နောက်လမှာ ၃ ရက်ကြာ ရန်ကုန်မှာ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံအင်ဂျုင်နီယာအသင်းက(MES) ကပြောပါတယ်။ မြန်မာနိုင်ငံရဲ့ရေပေးဝေ
ရေး၊ရေဆိုးသန့် စင်ရေး၊ ရေအရင်းအမြစ်၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိတဲ့ ရေဆိုးများ စတာတွေကို သန့် စင်တဲ့ သန့် စင်ရေးနည်းပညာများကို ကုမဏီပေါင်း (၁၈၀) ကျော်က လာရောက်ပြသမှာဖြစ်တယ်လို့ (MES) ကထုတ်ပြန်ပါတယ်။အဲဒီပွဲကို အောက်တိုဘာလ(၂၆)
မှ (၂၈) အထိ ရန်ကုန်မြို့ ရှိ တပ်မတော်ခန်းမမှာ ကျင်းပသွားမှာဖြစ်ပြီးတော့ (၃)ကြိမ်မြောက်ကျင်းပတဲ့ ပြန်ပြည့်မြဲစွမ်းအင်နဲ့ စွမ်းအားကို ထိရောက်စွာအသုံးချခြင်းပွဲကိုပါ တစ်ပေါင်းတည်းကျင်းပသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဒုတိယဥက္ကဌဦးခ
င်မောင်ဌေးကပြောပါတယ်။

” ပြည်သူလူထုအနေနဲ့ ရေနဲ့ ပတ်သတ်ပြီး နည်းပညာတွေ၊ နောက်ဆုံးပေါ်ထုတ်ကုန်ပစ္စည်းတွေ၊ ရေအရင်းအမြစ်နဲ့ ပတ်သတ်ပြီး စီမံခန့် ခွဲပုံတွေ၊ ရေသန့် ထောက်ပံ့ရေးအခန်းကဏ္ဍတွေ၊ ရေဆိုးတွေဘယ်လိုစွန့် ထုတ်မလဲ ၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိအောင်ပေါ့ ဆေ
ာင်ရွက်ရတယ်ဆိုတာတွေကို ဟောပြောပွဲတွေရော ပြပွဲတွေရောရှိနေမှာမို့ အင်မတန် မျက်စိဖွင့်ပေးနိုင်ပါတယ် ဟိုတုန်းကဆိုရင် နိုင်ငံခြားကို မြန်မာပြည်က အဖွဲ့ လိုက်လေးတွေ စေလွှတ်ပြီးလေ့လာစေရတာပါ အခုဒီမှာ လာလုပ်တယ်ဆိုတော့ အများကြီး အကျိုးများပါတ
ယ် လာကြည့်သင့်တယ်လို့ ပြောချင်ပါတယ်” လို့ သူကပြောပါတယ်။

ပြပွဲမှာ တရုတ်၊ ဂျာမနီ၊ ဂျပန်၊ အစ္စရေး၊ မလေးရှား၊ စင်ကာပူ၊ ထိုင်ဝမ်နဲ့ ထိုင်းနိုင်ငံတို့ က ရေနဲ့ ရေဆိုးသန့် စင်ရေးကဏ္ဍနဲ့ ပတ်သတ်တဲ့ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ ပြခန်းပေါင်း (၈)ခုကို ပြသခွင့်ရမှာဖြစ်ပြီး စွမ်းအင်နဲ့ ပတ်သတ်ပြီးတော့လည်း နေရောင်ခြည်စွမ်းအင်၊
ဇီဝဒြပ်ထုစွမ်းအင်၊ ဇီဝလောင်စာ၊ လေအားလျှပ်စစ်၊ရေအားလျှပ်စစ်နဲ့ ဘူမိစွမ်းအင်အပါအ၀င် စက်မှုလုပ်ငန်းရှိ ကဏ္ဍပေါင်းစုံမှ ၀န်ဆောင်မှုနည်းပညာများ၊ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ထောက်ပံ့ပေးမယ့် အဖွဲ့ တွေနဲ့ ပစ္စည်းကိရိယာမျိုးစုံကိုပြသထားမှာဖြစ်တယ်လို့ 
သိပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*