2:13 pm
နေပြည်တော် စက်တင်ဘာ ၂၁
လက်တလောတွင် ကြက်သွန်နီဈေးများ တတ်လာနေသော်လည်း ပြည်ပမှမှယယူတင်သွင်းရန် မလိုအပ်သေးကြောင်းနှင့် တင်သွင်းခွင့်ပြုရန် အစီစဉ်မရှိသေးကြောင်း စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။
“အခုဈေးတတ်နေတယ်ဆိုပေမယ့်လည်း ကြက်သွန်အသင်းက တရားဝင်တင်သွင်းခွင့်တွေမတောင်းခံသေးပါဘူး၊အရင်နှစ်ကဒီထက်ပိုဆိုးတာပါ၊ဒါကြောင့် လတ်တလောမှာတော့ ကြက်သွန်တွေကို ပြည်ပကနေ တင်သွင်းခွင့်မပေးသေးပါဘူး”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်ကဆိုသည်။
ကြက်သွန်ဈေးမှာလက်ရှိတွင်တစ်ပိသာကို နှစ်ထောင်ကျော်အထိရှိနေပြီး ယခင်ဘဏ္ဍာနှစ်အတွင်းက တစ်ပိသာသုံးထောင်ကျော်အထိ ဈေးတက်ခဲ့ကြောင်း သိရသည်။
ကြက်သွန်စိုက်ပျိုးတောင်သူများအတွက် နစ်နာမှုမရှိစေရန်နှင့် ပြည်ပသွင်းကုန်တင်သွင်းမှုကို ထိန်းချုပ်ထားသည့်အခြေအနေကြောင့် လတ်တလောတွင် ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိနေသည့် ကြက်သွန်များကို ပြည်ပမှတင်သွင်းခွင့် ပိတ်ပင်ထားသည်။
ယခင်နှစ်က ရာသီဥတုကြောင့် ကြက်သွန်စိုက်ခင်းအများအပြားပျက်စီးခဲ့ပြီး ကြက်သွန်ဈေးများအဆမတန်မြင့်တတ်လာသည့်အတွက် ဈေးကွက်ထိန်းညှိနိုင်ရန် ယာယီတင်သွင်းခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ယခုနှစ်အတွက် ဈေးကွက်အနေအထားအရ တင်သွင်းရန်မလိုအပ်သေးကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။
အောင်ပြည့်စုံ