ဘိန်းရှူဖို့ငွေမပေးလို့ ဓါးနဲ့ခုတ်ခံရတဲ့ မိုးညှင်းကအမျိုးသမီး ၂ ဦး

ဘိန်းရှူဖို့ငွေမပေးလို့ ဓါးနဲ့ခုတ်ခံရတဲ့ မိုးညှင်းကအမျိုးသမီး ၂ ဦး
September 21, 2017 Fame Asian

11:50 am
ဘိန်းရှူဖို့ငွေမပေးလို့ ဓါးနဲ့ခုတ်ခံရတဲ့ မိုးညှင်းကအမျိုးသမီး ၂ ဦး

crime

မိုးညှင်း၊ စက်တင်ဘာ ၂၁

ဘိန်းရှူဖို့ငွေမရှိလို့ ဘေးချင်းကပ်ရက် အမျိုးသမီးတွေသာရှိတဲ့အိမ်ထဲဝင်ပြီး ငွေတောင်းဓါးနဲ့ခုတ်တဲ့အမှု ကချင်ပြည်နယ်မိုးညှင်းမြို့မှာ စက်တင်ဘာ ၂၀ ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။

ကချင်ပြည်နယ် ၊ မိုးညှင်းမြို့ အောင်သပြေ(၃)ရပ်ကွက် ဦးဖိုးကျားလမ်းနဲ့ နတ်ရှင်နောင်လမ်းကြား အိမ်အမှတ်(၁၀၀) မှာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်မှာ ကျူးလွန်သူဟာ ငွေတောင်းရင်းမရတာကြောင့် အသင့်ပါလာတဲ့ ဓါးရှည်နဲ့ခုတ်ပြီး ထွက်ပြေးသွားတာဖြစ်တယ်လို့ မိုးညှင်းမြို့မရဲစခန်းရဲ့ပြောကြားမှုအရသိရပါတယ်။

အဆိုပါနေအိမ်မှာ အမျိုးသမီး ၃ ဦးသာရှိပြီး တရုတ်လူမျိုးတွေဖြစ်တယ်လို့လည်း ရဲစခန်းရဲ့တာဝန်ကျရဲမှူးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။”ဘိန်းသမား ဘိန်းဖိုးငွေတောင်းတာ။ မရှိဘူးပြောလို့ ဓါးနဲ့ခုတ်လိုက်တာ။ သူတို့ရဲ့ထွက်ဆိုချက်အရတော့ လူမျိုးချင်းလည်းတူတယ်။ အိမ်ချင်းကလည်းဘေးချင်းကပ်။ အမျိုးလည်းနီးတယ်ပြောတယ်” လို့ အဆိုပါတာဝန်မှူးက ပြောပါတယ်။

ဓါးခုတ်ခံရမှုကြောင့် နေအိမ်မှာရှိတဲ့ အသက် ၇၈ နှစ်အရွယ် အမျိုးသမီးမှာ ဦးခေါင်းနောက်ပြရှဒဏ်ရာ ၊နှဖူးပြတ်ရှဒဏ်ရာ ၊ယာလက်ချောင်းတွေပြတ်ရှ ဒဏ်ရာတွေနဲ့ ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့သိရပါတယ်။

အလားတူ အော်ဟစ်အကူအညီတောင်းတဲ့ အသက် ၅၅ နှစ်အရွယ်အမျိုးသမီးမှာလည်း နောက်ကျော ပြတ်ရှဒဏ်ရာ နဲ့ ဆေးရုံတက်ရောက်ကုသနေရတယ်လို့သိရပါတယ်။

အသက် ၇၈ နှစ်အရွယ်အမျိုးသမီးကတော့စိုးရိမ်ရတဲ့အနေအထားမှာရှိနေတယ်လို့သိရပါတယ်။”လောလောဆယ်တော့ တရားခံမမိသေးဘူး။ လိုက်လံဖမ်းဆီးနေတုန်းပဲ” လို့ တာဝန်ကျတာဝန်မှူးကဆိုပါတယ်။

လောလောဆယ် တရားခံကို မိုးညှင်းရဲစခန်းမှာ ပုဒ်မ ၄၅၂ အိမ်ကျော်နင်းမှု ၊ ပုဒ်မ ၃၂၆ နာကျင်စေမှု တို့နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

YL
Photo Credit – Nyi Nyi Myint

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*