ရန်ကုန်ုတိုင်းလွှတ်တော်မှာ တစ်ပတ်အတွင်း ဘယ်မြို့ နယ်က ကိုယ်စားလှယ်တွေက ပြည်သူတွေအတွက် ဘာမေးခွန်းတွေ မေးခဲ့လဲ

ရန်ကုန်ုတိုင်းလွှတ်တော်မှာ တစ်ပတ်အတွင်း ဘယ်မြို့ နယ်က ကိုယ်စားလှယ်တွေက ပြည်သူတွေအတွက် ဘာမေးခွန်းတွေ မေးခဲ့လဲ
September 20, 2017 Fame Asian

5:01 pm
ရန်ကုန်ုတိုင်းလွှတ်တော်မှာ တစ်ပတ်အတွင်း ဘယ်မြို့ နယ်က ကိုယ်စားလှယ်တွေက ပြည်သူတွေအတွက် ဘာမေးခွန်းတွေ မေးခဲ့လဲ

aaaaa

သြဂုတ်လကုန် ၃၁ ရက်နေ့ ကနေ ပြန်လည်စတင်လိုက်တဲ့ ပဉ္စမကြိမ်မြောက်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေးတွေကို ကျင်းပလာခဲ့တာ ဒီကနေ့ ဆိုရင် ၇ ရက်မြောက်နေ့ ဖြစ်လာပြီဖြစ်ပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်မှာ တစ်ပတ်အတွင်း မြို့ နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်များဟာ မေးခွန်း ၆၇ ခုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရကို မေးမြန်းခဲ့ပါတယ်။

၎င်းတို့ အနက်မှာ အများဆုံးမေးမြန်းခဲ့တဲ့မေးခွန်းကတော့ လမ်းနဲ့ သက်ဆိုင်တဲ့မေးခွန်းများနဲ့ ရေကြီးရေလျှံ၊ ဓါတ်တိုင်၊မီးတိုင်များနဲ့ ပတ်သတ်တဲ့မေးခွန်းများပဲဖြစ်ပါတယ်။

မေးခွန်း ၆၇ ခု စုစုပေါင်းမေးမြန်းခဲ့ရာမှာ ရည်ညွှန်းပါမေးခွန်းတွေဟာ ၃၃ ခုခန့် ပါဝင်ခဲ့ပါတယ်။

လသာ၊မင်္ဂလာတောင်ညွှန့် ၊ စမ်းချောင်း၊သာကေတ၊မြောက်ဥက္ကလာပ၊ကိုကိုကျွန်း၊ဗဟန်း၊လမ်းမတော်၊ဆိပ်ကြီးခနောင်တို၊ဒဂုံမြို့ုသစ်(တောင်ပိုင်း)၊သန်လျင်၊တွံတေး ၊ လှိုင်သာယာ၊ ထန်းတစ်ပင်၊ လှိုင်၊ ကျောက်တံတား၊ တောင်ဥက္ကလာပ မြို့ နယ်တို့ မှ ရေမြောင်းတွေဖော်ဆောင်ပေးဖို့ ၊ လမ်းတွေအသစ်ဖောက်လုပ်ဖို့ ၊ချဲ့ ဖို့ ၊အဆင့်မြှင့်တင်ဖို့ နဲ့ ဓါတ်မီးတိုင်၊ ဖုန်းတိုင်များကို နေရာရွေ့ ပေးဖို့ အစီအစဉ်ရှိမရှိနဲ့ ပတ်သတ်ပြီး ၎င်းမြို့ နယ်တို့ မှ ကိုယ်စားလှယ်များမှ မေးမြန်းခဲ့ကြပါတယ်။မေးခွန်းများကို တိုင်းဒေသကြီးအစိုးရမှ ပြန်လည်ဖြေကြားခဲ့မှုမှာတော့ အများစုက ဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်လို့ ဖြေကြားခဲ့တာကိုတွေ့ ရပါတယ်။

vv

တစ်ပတ်အတွင်း မေးခွန်းအများဆုံးမေးမြန်းခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များကတော့ မရမ်းကုန်းမြို့ နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးရန်ရှင်းနဲ့  ဒဂုံမြို့ သစ်(တောင်ပိုင်း)မှ လွှတ်တော်ကိုယ်စားလှယ်ဦးညီညီတို့ ပါ။

သူတို့ ဟာ မေးခွန်းငါးခုစီ တိုင်းအစိုးရကိုမေးမြန်းခဲ့သူတွေဖြစ်ပါတယ်။အခြားမေးခွန်းမေးမြန်းမှုများတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ မြောက်ဥက္ကလာပမြို့ နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်က ၄ ခု၊ မင်္ဂလာတောင်ညွှန့် မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးက ၃ ခု၊လှိုင်မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ၃ ခု၊ ပန်းပဲတန်းမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ၂ ခု၊ တွံတေးမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးနေနိုင်ဦးက ၂ ခု၊ ဒဂုံမြို့ သစ်ေ(တောင်ပိုင်း)မှ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းနိုင်က ၂ ခု၊ တွံတေးမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာကျော်ဇင်ဦးက ၂ ခု၊ ဆိပ်ကြီးခနောင်တိုမြို နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးသန်းဆွေက ၂ ခု၊ လှိုင်သာယာမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးဦးဝင်းမောင်က ၂ ခု၊ လှိုင်မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက ၂ ခု၊ အလုံမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက ၂ခု၊ တောင်ဥက္ကလာမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးမိုးမြင့်က ၂ ခုတို့ မေးမြန်းခဲ့ကြပါတယ်။

လမ်းတံတားများဆောက်လုပ်၊ချဲ့ ထွင်ပေးဖို့ ရှိမရှိ မေးမြန်းခဲ့တဲ့မေးခွန်းတွေအပြင် အခြားသော မေးမြန်းခဲ့တာတွေကတော့ ဆရာဝန်အင်အားဖြည့်ပေးဖို့ ၊ ဆေးရုံပြုပြင်ပေးဖို့ ၊ မျက်မမြင်ကျောင်းသားတွေကို ပိုမိုထောက်ပံ့ပေးဖို့ ၊ တရားရုံးအဆင့်မြှင့်ဖို့ ၊ ကျူးကျော်အိမ်တွေဖယ်ရှားပေးဖို့ ၊ ခွေးလေခွေးလွင့်ကိစ္စ၊ ဆရာမအင်အားဖြည့်တင်းပေးဖို့ ၊ အိမ်ဖော်ဥပဒေပြဌာန်းပေးဖို့  စတဲ့မေးခွန်းတွေကို မေးမြန်းခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တစ်ပတ်အတွင်း အဆိုတစ်ခုတင်သွင်းခဲ့ပြီး အဲဒီအဆိုကတော့ ပြည်သူ့ ငွေစာရင်းကော်မတီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နဲ့ ဌာနဆိုင်ရာတွေအသီးသီးမှ ဘဏ္ဍာငွေတင်သွင်းခြင်းတွေကို ပြည်သူ့ ငွေစာရင်းကော်မတီကို အသေးစိတ်အချိန်မီပေးပို့ ဖို့ တိုက်တွန်းကြောင်းအဆိုဖြစ်ပါတယ်။ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ ရေးရာကော်မတီ ၄ ခုကို လွှတ်တော်ကိုယ်စားလှယ် ၅ ဦးအဖွဲ့ ဝင် ထပ်မံဖြည့်တင်းခဲ့ပါတယ်။ဒါ့အပြင် ပို့ ဆောင်ရေး၊ ဆက်သွယ်ရေး၊ဆောက်လုပ်ရေးနဲ့ စက်မှုလက်မှုရေးရာကော်မတီမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ပြောင်းလဲတာဝန်ပေးခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်အချို့ ကို အစည်းအဝေးပြုလုပ်နေစဉ်အတွင်း ဂျာနယ်စာစောင်များဖတ်နေတဲ့အတွက် ဂျာနယ်များချထားဖို့ လွှတ်တော်ဥက္ကဌမှ သတိပေးခဲ့ပါတယ်။ (၈)ရက်မြောက် ပုံမှန်အစည်းအဝေးကိုတော့ လာမယ့် စက်တင်ဘာလ၂၉ရက်နေ့ မှာ ကျင်းပမယ်လို့ ကြေညာထားပါတယ်။

သတင်း + ဓာတ်ပုံ – ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*