မွန်ပြည်နယ်တွင် စည်းကမ်းချိုးဖောက်မှုဖြင့် မြေစာရင်းဝန်ထမ်း (၃၀) ကျော်ကို အယူထား

မွန်ပြည်နယ်တွင် စည်းကမ်းချိုးဖောက်မှုဖြင့် မြေစာရင်းဝန်ထမ်း (၃၀) ကျော်ကို အယူထား
September 20, 2017 Asian Fame

2:27 pm
မွန်ပြည်နယ်တွင် စည်းကမ်းချိုးဖောက်မှုဖြင့် မြေစာရင်းဝန်ထမ်း (၃၀) ကျော်ကို အယူထား

(မော်လမြိုင်၊ စက်တင်ဘာ ၂၀)

မွန်ပြည်နယ်တွင် စည်းကမ်းဖောက်ဖျက်သည့် မြေစာရင်း ၀န်ထမ်း (၃၃) ဦးကို အရေးယူ ထားကြောင်း မွန်ပြည်နယ်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ သတင်း ရရှိသည်။

လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနက ၀န်ထမ်း အချို့မှာ လယ်ယာမြေများကို အကွက်ရိုက် ရောင်းချနေမှု များဖြစ်ပေါ်နေသည့်အတွက် ပေါင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်က ပြည်နယ် လွှတ်တော်တွင် မေးခွန်း မေးမြန်း တင်ပြခဲ့သည်။

မွန်ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေး ဦးစီးဌာနမှ ပြည်နယ်မှူး ဦးတင်ထူးက “၀န်ထမ်း ကတော့ ၀န်ထမ်းစည်းကမ်း ချိုးဖောက်ရင်တော့ အရေးယူမှာပဲ။ ဥပဒေ၊ နည်းဥပဒေတွေ ရှိတာပဲ။ဝန်ထမ်းဆိုတာက အခွင့်ထူးခံလည်း မဟုတ်ဘူး။ သတ်မှတ်ထားတဲ့ ကျင့်ဝတ်တွေ ၊စောင့်ထိန်းရမယ့် သိက္ခာတွေ ဖောက်ဖျက်ရင်တော့ အရေးယူရမှာပဲ။ အဂတိလိုက် စားရင်လည်း အဂတိဥပဒေ နဲ့အရေးယူမှာပေါ့။မီဒီယာလည်း မီဒီယာကျင့်ဝတ် ဖောက်ဖျက်ရင်အရေးယူခံရမှာပဲလေ။” ဟု ပြောကြားသည်။

မြေစာရင်းဝန်ထမ်း (၃၃) ဦး အရေးယူခံရသည့် ကိစ္စမှာ ဒုမြို့နယ် ဦးစီးမှူး ရာထူးအဆင့်ထိ ပါဝင်နေပြီး ယခင်အစိုးရ လက်လက်ကတည်း ကပြုလုပ်ခဲ့သည့် ကိစ္စရပ်များဖြစ်ကြောင်း သိရသည်။

“စည်းကမ်းဖောက်ဖျက်သူတွေကို အဂတိ လိုက်စားရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး နဲ့ အရေးယူတယ်။ ၀န်ထမ်း ဆိုရင် ၀န်ထမ်းဥပဒေနဲ့ အရေးယူ ထားပါတယ်။ ၀န်ထမ်းတွေကို အရေးယူတဲ့အခါမှာ အပြစ်ရှိရင် ရှိသလို အရေးယူရမှာပါ။” ဟု မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ဆိုသည်။

Arkar Min

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*