ကလေးခရိုင် ရေကြီးမှုကြောင့် ကြိုးတံတား/ တံတား ၃ ခု ပျက်စီး

ကလေးခရိုင် ရေကြီးမှုကြောင့် ကြိုးတံတား/ တံတား ၃ ခု ပျက်စီး
September 20, 2017 Fame Asian

2:30 pm
ကလေးခရိုင် ရေကြီးမှုကြောင့် ကြိုးတံတား/ တံတား ၃ ခု ပျက်စီး

21687800_1551995438177749_1532726021542918483_n

ကလေး ၊ စက်တင်ဘာ ၂၀

ရေကြီးမှုကြောင့် ကလေးခရိုင်ထဲမှာ ကြိုးတံတား/ တံတား ၃ ခု ပျက်စီးသွားတယ်လို့ သိရပါတယ်။ဒီတံတားတွေကတော့ အောင်မြင်သာတံတား(သစ်သားတံတား) ၊ ဆည်ကြီးကြိုးတံတား ၊ နတ်တံခါးကြိုးတံတားတို့ဖြစ်ပါတယ်။

ဒီတံတား ၃ စင်းပျက်စီးသွားတဲ့အတွက် ကလေးခရိုင်ထဲက လမ်းပိုင်းအချို့မှာ ဆက်သွယ်မှုပြတ်တောက်နေတယ်လို့သိရပါတယ်။

21761938_1551995441511082_842100563589589003_n

ကလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက”အောင်မြင်သာတံတားကတော့ တစ်ဝက်ကျန်ပြီးတစ်ဝက်ရေနဲ့ပါသွားတယ်။ မနေ့ကညနေက ပါသွားတာ။ ဒီကျန်တဲ့တံတားတစ်ဝက်ကို ကြိုးနဲ့ဆက်ပြီး ဆိုင်ကယ်တွေသွားလို့ရအောင်လုပ်နေတယ်။ နောက် ဆည်ကြီးကြိုးတံတားကတော့ အလယ်က တာဝါတိုင်နဲ့ပင်မတံတားကြီးကျန်ခဲ့တယ်။ ဘေးနားက ချည်းကပ်လမ်း ၂ ခုလုံး ရေနဲ့ပါသွားတယ်။ အဲ့ဒါကိုလည်းပြန်ဆက်ဖို့လုပ်နေတယ်။ ဒီတံတားကတော့ ၁၈ ရက်နေ့ကတည်းက ဖြစ်နေတာပေါ့နော်။ နောက်တစ်ခု နတ်တံခါးကြိုးတံတားကတော့ ဒီကနေ့မနက်မှာပဲရေနဲ့ပါသွားတာ။ ဒါတွေအကုန်လုံးကို အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ဖို့ အခုလုပ်နေကြပါတယ် ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

အောင်မြင်သာတံတားကတော့ ကလေးမြို့ အနောက်မြောက်လမ်း ဆက်သွယ်ရေးအတွက် အဓိကကျတဲ့တံတားတစ်စင်းဖြစ်ပါတယ်။

ဆည်ကြီးကြိုးတံတားကတော့ ကလေးမြို့နယ်ထဲက ဆည်ကြီးကျေးရွာအနီးနားမှာတည်ရှိတာဖြစ်ပြီးသူဟာလည်းအရေးပါတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။

လက်ရှိမှာ မြစ်သာမြစ်ရေက ဆက်လက်တက်နေတာမရှိတော့ပေမယ့် မဏိပူချောင်းအတိုင်းလာတဲ့ရေက မကျသေးတဲ့အတွက် ရေကြီးမှု ဆက်လက်ဖြစ်နေတာဖြစ်တယ်လို့လည်း ဦးအောင်ဇော်မိုးကပြောပါတယ်။ ရာဇဂြိုလ်ဆည် ၊ မြစ်သာဆည် တွေကကျတဲ့ရေတွေကတော့ စိုးရိမ်ရတဲ့အခြေအနေမရှိတော့ဘူးလို့ သိရပါတယ်။

အခုလက်ရှိကလေးမြို့မှာ ဖြစ်ပေါ်နေတဲ့ရေဘေးကြောင့် အိမ်ထောင်စု ၅၅၈ စု ၊ အိမ်ခြေ ၄၃၁ လုံး ဒုက္ခရောက်နေပြီး လူဦးရေ ၂၃၂၈ ဦး ဟာကယ်ဆယ်ရေးစခန်း ၁၅ ခုမှာပြောင်းရွှေ့နေထိုင်နေရတယ်လို့ ကလေးမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက နေသိထားရပါတယ်။
သူတို့အတွက် တစ်ဦးကို တစ်ပတ်စာ ဆန်ဖိုး ၂၁၀၀ စီလည်းဝေငှထားတယ်လို့သိရပါတယ်။

Ye Lwin
Photo- Saw Min Tun/ကလေးခရိုင်ပြန်ဆက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*