တောင်ကုတ်ကလာတဲ့ ရဲအောင်လံExpress ပေ ၂၀၀ အနက်ချောက်ထဲကျ

တောင်ကုတ်ကလာတဲ့ ရဲအောင်လံExpress ပေ ၂၀၀ အနက်ချောက်ထဲကျ
September 19, 2017 Fame Asian

11:21 am
တောင်ကုတ်ကလာတဲ့ ရဲအောင်လံExpress ပေ ၂၀၀ အနက်ချောက်ထဲကျ

21751425_1959070591013178_2860479960824912907_n

ပဲခူး ၊ စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ်တောင်ကုတ်မြို့ကနေ ရန်ကုန်မြို့ကို မောင်းနှင်လာတဲ့ ရဲအောင်လံ Express မော်တော်ယာဉ်ဟာ စက်တင်ဘာ ၁၈ ရက်နေ့ည က ပဲခူးတိုင်း ပန်းတောင်မြို့နယ် တောင်ကုတ်တောင်ကြား မိုင်တိုင်အမှတ် ၄၂/၆ (ဥသျှစ်ပင်ရဲစခန်း အပိုင် ) ထဲအရောက် ပေ ၂၀၀ လောက်ရှိတဲ့ချောက်ထဲကိုထိုးကျခဲ့ပါတယ်။

ဒီကနေ့ မနက်မှာ သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်ကယ်ဆယ်မှုတွေဆောင်ရွက်နေတယ်လို့ ဥသျှစ်ပင်ရဲစခန်းရဲ့တာဝန်ကျတာဝန်မှူးကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

အဆိုပါ Expressယာဉ်ပေါ်မှာ ခရီးသည် ၅၀ ဦးလောက်လိုက်ပါလာပြီး သေဆုံးမှုနဲ့ဒဏ်ရာရမှုတွေရှိတယ်လို့လက်တလော ကနဦးသတင်းတွေအရသိရပါတယ်။

ယာဉ်ဟာ စင်းလုံးငှားလာတဲ့ မော်တော်ယာဉ်တစ်စီးဖြစ်တယ်လို့လည်းသိရပါတယ်။သတင်းကို ဆက်လက်တင်ပြပေးပါမယ်။

YL

Photo Credit- ko Naing

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*