၂၀၁၇ ခုနှစ်အတွင်းလူကုန်ကူးမှု ၁၆၃ မှုဖြစ်ပွားခဲ့ပြီး တရားခံ ၄၈၇ ဦးဖမ်းဆီးရမိ

၂၀၁၇ ခုနှစ်အတွင်းလူကုန်ကူးမှု ၁၆၃ မှုဖြစ်ပွားခဲ့ပြီး တရားခံ ၄၈၇ ဦးဖမ်းဆီးရမိ
September 19, 2017 Fame Asian

5:05 pm
၂၀၁၇ ခုနှစ်အတွင်းလူကုန်ကူးမှု ၁၆၃ မှုဖြစ်ပွားခဲ့ပြီး တရားခံ ၄၈၇ ဦးဖမ်းဆီးရမိ

21617771_1551127788264514_18705032468786374_n

နေပြည်တော် ၊ စက်တင်ဘာ ၁၉

၂၀၁၇ ခုနှစ်နှစ်စကနေ ဒီကနေ့ထိ တစ်နိုင်ငံလုံးအနှံ့ လူပေါင်းကူးမှုတရားခံပေါင်း ၄၈၇ ဦး ကိုဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ လူကုန်တားရဲတပ်ဖွဲ့နေပြည်တော်ကနေသိရပါတယ်။

ဇန်န၀ါရီလ ၁ ရက်နေ့ကနေ ဒီကနေ့ (စက်တင်ဘာ ၁၉) ရက်နေ့အထိ တစ်နိုင်ငံလုံးအနှံ့လူကုန်ကူးခံရမှု စုစုပေါင်း ၁၆၃ မှုကို ရဲကအမှုဖွင့်ဆောင်ရွက်ခဲ့ရပြီး ဒီထဲမှာ တရားခံ အမျိုးသား ၁၇၄ ဦးနဲ့ အမျိုးသမီး ၃၁၃ ဦး ကိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။လူကုန်ကူးခံရသူစုစုပေါင်း ၂၅၄ ဦးရှိပြီး ဒီထဲမှာ အမျိုးသမီးအရေအတွက်ကတော့အများဆုံးနဲ့ ၂၀၄ ဦးဖြစ်နေပါတယ်။

လူကုန်ကူးမှု ဦးတည်တဲ့နိုင်ငံကတော့ ထုံးစံအတိုင်းယခင်နှစ်တွေလို တရုတ်နိင်ငံကိုသာအများဆုံး လူကုန်ကူးနေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံကိုလူကုန်ကူးမှု ၁၁၅ မှု ၊ ထိုင်းနိုင်ငံကို ၁၀ မှု ၊ မလေးရှားကို ၁ မှု ၊ ပြည်တွင်းလူကုန်ကူးမှု ၃၆ မှုတို့ဖြစ်တယ်လို့ လူကုန်တားရဲတပ်ဖွဲ့ရဲ့စာရင်းတွေမှာဖော်ပြထားပါတယ်။လူကုန်ကူးမှုအများဆုံးဖြစ်ပွားတဲ့တိုင်းနဲ့ပြည်နယ်ကတော့ ရန်ကုန်တိုင်းနဲ့ ရှမ်းပြည်နယ် တို့ပဲဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်း ၄၅ မှု ၊ ရှမ်းပြည်နယ်မှာ အမှု ၄၀ ၊ ကချင်ပြည်နယ်မှာ ၂၁ မှု ၊ ဧရာဝတီတိုင်းမှာ ၁၃ မှု ၊ နေပြည်တော်မှာ ၉ မှု ၊ ရခိုင်ပြည်နယ်မှာ ၉ မှု ၊ မန္တလေးတိုင်းမှာ ၉ မှု ၊ မကွေးတိုင်းမှာ ၃ မှု ၊ ပဲခူးတိုင်းမှာ ၅ မှု ၊ တနင်္သာရီတိုင်းမှာ ၃ မှု ၊ ကရင်ပြည်နယ်မှာ ၂ မှု ၊ မွန်ပြည်နယ်မှာ ၂ မှု ၊ စစ်ကိုင်းတိုင်းမှာ ၂ မှုတို့ဖြစ်ပါတယ်။

ချင်းပြည်နယ်မှာတော့ လူကုန်ကူးမှုနဲ့ပတ်သတ်ပြီး အမှုဖွင့်ဆောင်ရွက်ရတာမရှိကြောင်း ရဲတပ်ဖွဲ့ကနေသိရပါတယ်။ဆက်လက်ဖမ်းဆီးဖို့ကျန်သေးတဲ့တရားခံတွေလည်းရှိသေးတယ်လို့ သိရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*