ရလဒ်တွေဆိုးဝါးခဲ့တဲ့အတွက် မြန်မာ ယူ-၁၈ နည်းပြ ဘန်လာဘီနှင့် MFF စာချုပ်ဖျက်သိမ်း

ရလဒ်တွေဆိုးဝါးခဲ့တဲ့အတွက် မြန်မာ ယူ-၁၈ နည်းပြ ဘန်လာဘီနှင့် MFF စာချုပ်ဖျက်သိမ်း
September 18, 2017 Fame Asian

2:22 pm
ရလဒ်တွေဆိုးဝါးခဲ့တဲ့အတွက် မြန်မာ ယူ-၁၈ နည်းပြ ဘန်လာဘီနှင့် MFF စာချုပ်ဖျက်သိမ်း

1

ရန်ကုန် ၊ စက်တင်ဘာ ၁၈

ရလဒ်ဆိုးရွားခဲ့တဲ့အတွက် ယူ ၁၈ အသင်းနည်းပြ ဘန်လာဘီနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ရဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။

ယူ ၁၈ အသင်းဟာ မနေ့ညနေ ပိုင်းက ၂၀၁၇ ခုနှစ်ယူ ၁၈ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲ တတိယနေရာလုပွဲမှာ အင်ဒိုနီးရှားအသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ဒီကနေ့မှာတော့ ယူ ၁၈ နည်းပြ ဘန်လာဘီနဲ့ စာချုပ်ဖျက်သိမ်းကြောင်းကို MFF ကကြေညာလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေနဲ့ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲမှာ နည်းဗျူဟာ ပိုင်နိုင်ကျွမ်းကျင်စွာနဲ့ အသင်းကို ဦးဆောင်နိုင်မှု မရှိတဲ့အတွက် MFF နည်းစနစ်အဖွဲ့နဲ့စည်းဝေးဆုံးဖြတ်ပြီး ပြင်သစ်နည်းပြ ဘန်လာဘီနဲ့ ယနေ့မနက်ပိုင်းမှာ စတင်ကာ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ၊ MFF နဲ့ဘန်လာဘီ ဟာ ယခုနှစ် ဒီဇင်ဘာအထိ စာချုပ်သက်တမ်း ကျန်ရှိနေတဲ့အတွက် ကျန်ရှိသည့် လစာ ၂ လစာပေးလျော်ကာ နှစ်ဖက်သဘောတူ လမ်းခွဲခဲ့ခြင်း ဖြစ်တယ်လို့ MFF ကဆိုပါတယ်။

မြန်မာ ယူ၁၈ အသင်းအနေနဲ့ အာရှ ယူ၁၉ ခြေစစ်ပွဲကိုလည်း လာမည့် နိုဝင်ဘာလ ၄ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံမှာသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲဝင် မြန်မာယူ၁၈ အသင်းအတွက် ပြည်တွင်းနည်းပြအဖွဲ့ကို ခန့်အပ်တာဝန်ပေးသွားမှာဖြစ်ပြီး မကြာမီ ဆက်လက်သတင်းထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာလည်း ၂၀၁၇ ခုနှစ်ယူ ၁၈ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲ ရှုံးနိမ့်ခဲ့ရတဲ့ ယူ ၁၈ အသင်းသားတွေ့ကို ဒီကနေ့ နံနက်ပိုင်းမှာ တွေ့ဆုံပြီး ရှုံးနိမ့်မှုကနေ သင်ခန်းစာယူဖို့ အနာဂတ်မှာ ယခုထက်ပိုမို အဆပေါင်းများစွာ ကြိုးစားပေးဆပ်ကြဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။

YL/ Aung Pyae Sone
Photo-MFF

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*