မိုးများလို့ ဟားခါးမှာမြေပြို/ လမ်းပိတ်ဆို့မှုဖြစ်ခဲ့

မိုးများလို့ ဟားခါးမှာမြေပြို/ လမ်းပိတ်ဆို့မှုဖြစ်ခဲ့
September 18, 2017 Asian Fame

3:53 pm
မိုးများလို့ ဟားခါးမှာမြေပြို/ လမ်းပိတ်ဆို့မှုဖြစ်ခဲ့

2(ဟားခါး ၊ စက်တင်ဘာ ၁၈)

ခုရက်ပိုင်း အတွင်း ရွာတဲ့မိုးကြောင့် ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်မှာ မြေပြိုမှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး တီးတိန်မြို့နယ်ထဲက ကားလမ်းအချို့မှာ မြေပြိုမှုဖြစ်ပွား ခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်း အထိ ဟားခါးမြို့နယ် ဈေးဟောင်းရပ်ကွက် အထဲမှာ မြေပြိုမှုဖြစ်ပွားလို့ အိမ်သုံးလုံးနဲ့ ၀က်ခြံတစ်ခု ပျက်စီးခဲ့တယ်

လို့ ပြည်နယ် အစိုးရအဖွဲ့နေသိရပါတယ်။

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲရဲ့ ကိုယ်ရေးအရာရှိက “လူတွေပြောင်းရွှေ့ရတာတော့မရှိပါဘူး။ ပုံမှန်ပါပဲ မိုးများရင် အဲ့လို ဖြစ်နေကျပါပဲ” လို့ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

1အထက်ပါဖြစ်စဉ်ကြောင့် လူထိခိုက်မှုတစ်စုံတစ်ရာတော့မရှိဘူးလို့သိရပါတယ်။

အလားတူ ဒီကနေ့ မနက်ပိုင်းက ချင်းပြည်နယ် ကလေး-ဖလမ်း ကားလမ်း တီးတိန်မြို့နယ်အပိုင်ထဲက မိုင်တိုင် ၄၅ နဲ့ ၄၆ ကြားမှာမြေပြိုမှုဖြစ်ပွားခဲ့ပြီး တစ်မနက်လုံးလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပါတယ်။

ဒါနဲ့ပတ်သတ်ပြီး ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးဆန်းထွန်းစိန် က “နေ့လည်၂ နာရီခွဲ မှာလမ်းပိုင်းပြန်ပွင့်သွားပါပြီ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဝေဘူလလမ်းဘက်မှာလည်း ချောင်းကူးတံတားငယ်တစ်စင်း အနီးမြေပြိုမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ပျက်စီးမှုနဲ့မြေပြိုမှုတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ရှင်းလင်းဆောင်ရွက်နေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ကနေသိရပါတယ်။

Ye Lwin

photo- Salai Isaac Khen

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*