“ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းကာကွယ်စို့”ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား နေပြည်တော်တွင် ကျင်းပ

“ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းကာကွယ်စို့”ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား နေပြည်တော်တွင် ကျင်းပ
September 15, 2017 Fame Asian

2:50 pm
“ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းကာကွယ်စို့”ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား နေပြည်တော်တွင် ကျင်းပ

4

နေပြည်တော်၊ စက်တင်ဘာ ၁၅

ယနေ့တွင်ကျရောက်သော ၂၀၁၇ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်ခန်းမတွင် “ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းကာကွယ်စို့(In Defence of Democary)”ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်နာယကဦးမန်းဝင်ခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်နှင့်လွှတ်တော်အသီးသီးမှဥက္ကဌများ၊လွှတ်တော်ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်း က “ကျွန်တော်တို့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများကလည်း မိမိတို့ဒေသအသီးသီးရှိပြည်သူများ၏ လိုအပ်ချက်များ အခက်အခဲများကိုလွှတ်တော်တွင်မေးခွန်းများအဆိုများဖြင့်တင်ပြကြပြီး မိမိတို့လွှတ်တော်၏ ဆောင်ပုဒ်ဖြစ်သည့်”ပြည်သူ့အသံလွှတ်တော်အသံ၊ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ၊ပြည်သူတို့၏မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်”ဆိုသည့် အတိုင်းပြည်သူများ၏ ဆန္ဒနှင့်ဘ၀ထပ်တတူကျစေဖို့ လွှတ်တော်များအားလုံးက ကြိုးပမ်းပေးကြရမှာဘဲဖြစ်ပါတယ်၊မဲဆန္ဒရှင်ပြည်သူများ၏ဖြစ်စေချင်သောဆန္ဒနှင့် မျှော်လင့်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့ ကျွန်တော်တို့အားလုံး စည်းလုံးညီညွှတ်စွာဖြင့် ကြိုးစားဆောင်ရွက်ကြရမှာပဲဖြစ်ပါတယ်”ဟု အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

8

ယနေ့ကျင်းပသည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့သည် ယင်းနေ့ကို စတင်သတ်မှတ်ခဲ့သည့်(၁၀)နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ပြီးဒီမိုကရေစီဆိုင်ရာကမ္ဘာ့ကြေငြာစာတမ်းကို အတည်ပြုခဲ့သည့်နှစ်(၂၀)ပြည့်သည့်နှစ်လည်း ဖြစ်ကြောင်းသိရသည်။

ယနေ့အခမ်းအနားတွင် နိုင်ငံတော်သမ္မတထံမှပေးပို့သည့်သ၀ဏ်လွှာနှင့်ကုလသမ္မဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် ထံမှပေးပို့သည့်သ၀ဏ်လွှာများကိုဖတ်ကြားခဲ့သည်။

11

ထို့အပြင် ဖျော်ဖြေရေးအစီအစဉ်များနှင့်အတူ စာတမ်းများအဖြစ် ကျောင်းသားလူငယ်များ၏စာတမ်း၊အရပ်ဖက်လူမှုအဖွဲ့အစည်းများကိုကိုယ်စားပြုသည့် စာတမ်း၊ကချင်ပြည်နယ်ဒီမိုကရေဒီပါတီ၏စာတမ်း၊ကိုးကန့်ဒီမိုကရေစီနှင့်ညီညွှတ်ရေးပါတီစာတမ်း၊ တိုင်းရင်းသားစည့်းလုံးညီညွှတ်ရေးပါတီ၏စာတမ်း၊”၀”ဒီမိုကရက်တစ်ပါတီ၏စာတမ်း၊တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏စာတမ်း၊လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတတ်ရေးပါတီ(ဒူးလေးပါတီ)၏စာတမ်း၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၏စာတမ်း၊ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏စာတမ်း၊တအောင်း(ပလောင်)အမျိုးသားပါတီ၏စာတမ်း၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏စာတမ်း၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏စာတမ်း၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏စာတမ်းတို့ကို ဖတ်ကြားခဲ့ကြသည်။

သတင်း + ဓာတ်ပုံ – အောင်ပြည့်စုံ

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*