အင်းစိန်မြို့ နယ် တရားရုံး နဲ့ ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးကို အသစ်ပြန်ဆောက်မည်

အင်းစိန်မြို့ နယ် တရားရုံး နဲ့ ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးကို အသစ်ပြန်ဆောက်မည်
September 14, 2017 Asian Fame

2:00 pm
အင်းစိန်မြို့ နယ် တရားရုံး နဲ့ ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးကို အသစ်ပြန်ဆောက်မည်

(ရန်ကုန် ၊ စက်တင်ဘာ ၁၄)

ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးကို အခြားခရိုင် တရားရုံးများနည်းတူ ခရိုင်အဆင့်နဲ့ လျော်ညီတဲ့ တရားရုံးဖြစ်အောင် အသစ်ပြန်လည် တည်ဆောက် သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးမှ တရားသူကြီးချုပ် ဦးဝင်းဆွေကပြောပါတယ်။

အင်းစိန်မြို့ နယ်မှာ ရှိတဲ့ ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံး အဆောက်အဦးဟာ အင်းစိန်မြို့ နယ် တရားရုံးနဲ့ အခြားဌာန ဆိုင်ရာ ရုံးခန်းတွေပါ ဖွင့်လှစ်ထားတဲ့ စုပေါင်းရုံး အဆောက်အဦး ဖြစ်တဲ့အပြင် အမှုသည်များနဲ့ ရှေ့ နေများ အတွက် နေရာ အခက် အခဲဖြစ်နေ တာကြောင့် လက်ရှိမှာ အဆောက်အဦးသစ် ဆောက်လုပ်ဖို့ နေရာရှာနေတယ်လို့ သူကပြောပါတယ်။

မနေ့ ကပြုလုပ်ခဲ့တဲ့ ရန်ကုန်ုတိုင်းဒေသကြီး လွှတ်တော်ရဲ့ ပုံမှန် အစည်းအဝေးမှာ လှိုင်မြို့ နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း က ” မြောက်ပိုင်းခရိုင် တရားရုံးကို အခြားခရိုင် ရုံးများနည်းတူ ခရိုင်အဆင့်နဲ့ လျော်ညီစွာ သင့်တော် တဲ့နေရာမှာ အသစ် ဆောက်လုပ်ပေးဖို့ အစီအစဉ် ရှိမရှိမေးမြန်းခဲ့ပါတယ်။ အဲဒီမေးခွန်း နဲ့ ပတ်သတ်ပြီး ရန်ကုန် တိုင်းဒေသကြီး တရား လွှတ်တော်မှ တရားသူကြီးချုပ် က ပြန်လည်ဖြေကြားခဲ့တာပါ။

”တရားရုံးအင်္ဂါရပ် နဲ့ ညီအောင် အဆောက်အဦးသစ် ဆောက်လုပ်နိုင်ဖို့ နဲ့ အမှုများ မကြန့် ကြာဘဲ မြန်ဆန်စွာ စစ်ဆေးနိုင်ဖို့ အတွက် တရားသူကြီး ဦးရေ ပိုမိုခန့် ထားပြီး တရားခွင်များ တိုးချဲ့ ဆောင်ရွက်နိုင်ဖို့ ကို ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံး အတွက် အင်းစိန်မြို့ နယ်အတွင်းမှာ ပေ ၂၀၀ ပေ ၂၅၀ အကျယ်ရှိ မြေနေရာ ဒါမှမဟုတ် အဆောက်အဦး ချထားပေးနိုင်ဖို့ ။ အင်းစိန်မြို့ နယ် တရားရုံး အတွက် အင်းစိန်မြို့ နယ် အတွင်း ပေ ၁၅၀ ပေ ၂၀၀ အကျယ်အ၀န်းရှိတဲ့ မြေနေရာ အဆောက်အဦးကိုချထားပေးနိုင်ဖို့ ကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှ နိုင်ငံတော် သမ္မတရုံးကို တင်ပြခဲ့ရာမှာ နိုင်ငံတော် သမ္မတရုံးက ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကို အဆောက်အဦးသစ် ဆောက်ဖို့ နဲ့ မြေနေရာ အသစ်ချ ထားပေးဖို့ အကြောင်းကြားခဲ့ပါတယ်။ တိုင်းအစိုးရ အဖွဲ့ မှလည်း စီစဉ်ဆောင်ရွက်လျက် ရှိပါတယ် ။မြေနေရာ ရရင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး ကို ပြည်ထောင်စု ဘဏ္ဍာငွေမှ တောင်းခံပြီး ဆောက်လုပ် သွားပါမယ်” လို့ ဦးဝင်းဆွေကပြောပါတယ်။

လက်ရှိ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးအဆောက်အဦးဟာ လွတ်လပ်ရေး ရပြီးချိန်မှ ၁၉၇၂ ခုနှစ်အထိ အင်းစိန်ခရိုင် တရားမနှင့် စက်ရှင် တရားရုံးအဖြစ်လည်းကောင်း ၊ ၁၉၇၂ ခုနှစ်မှ မြို့ နယ်စု တရားရုံး အဖြစ် လည်းကောင်း၊ ၁၉၉၀ ခုနှစ်နောက်ပိုင်း မှာတော့ ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံး အဖြစ် လည်းကောင်း ပြောင်းလဲ ဖွင့်လှစ်လာတဲ့ အဆောက်အဦး ဖြစ်ပါတယ်။ ယင်း အဆောက်အဦး မှာ အင်းစိန်မြို့ နယ် တရားရုံး၊ မြောက်ပိုင်းခရိုင် တရားရုံးနဲ့ အခြားဌာန ဆိုင်ရာနဲ့ အသင်း အဖွဲ့ ၂၀ ကျော်က ရုံးအဖြစ် ဖွင့်လှစ်ထား တဲ့ အဆောက်အဦးဖြစ်တယ် လို့ သိရပါတယ်။

အဆောက်အဦး မြေနေရာဟာ ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ အမည်ပေါက် ပိုင်ဆိုင်မှုနဲ့ ဖြစ်ပြီး ပေ ၃၈၀ ပေ ၄၈၆ အကျယ်အ၀န်း ရှိတယ်လို့ တရားသူကြီးချုပ် ကဆိုပါတယ်။

“မြောက်ပိုင်း ခရိုင် တရားရုံးက တရားခွင်တွေက ကျဉ်းမြောင်းလှပြီး ရှေ့ နေတွေ အမှုသည်တွေ ကလည်း နီးစပ်ရာ လက်ဖက်ရည် ဆိုင်တွေမှာ ဖြစ်သလို ထိုင်နေကြပါတယ် ။ရှေးဟောင်းရုံးဖြစ်တာ နဲ့ အညီဌာန ဆိုင်ရာ ရုံးခွဲတွေ စုပေါင်း ဖွင့်လှစ်ထားတဲ့ စုပေါင်း ရုံးကြီးဖြစ်နေတယ်။
အဆိုးရွားဆုံး ကတော့ အခပေး အိမ်သာဖြစ်ပါတယ်။ သန့် ရှင်းသပ်ရပ်မှု လည်းမရှိ ကျန်းမာရေးနဲ့ လည်းမညီညွတ်ပါဘူး။ ကား အဟောင်းတွေ ဆိုင်ကယ် အဟောင်းတွေ အဆောက်အဦးဟောင်းတွေ နဲ့ ရုပ်ဆိုးလှပါတယ်။ လုံခြုံရေး အရလည်း အားနည်းပါတယ်” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းကဝေဖန်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ခရိုင်တရားရုံး ၄ ရုံးရှိရာမှာ အရှေ့ ပိုင်းခရိုင်နဲ့ အနောက်ပိုင်းခရိုင်တရားရုံးတွေကတော့ ခရိုင်အဆင့် တရားရုံးနဲ့ အညီ အဆောက်အဦးသစ်ကြီးတွေဟာ ကျယ်ဝန်းမှု ရှိပြီး သပ်သပ်ရပ်ရပ်နဲ့ လုံခြုံရေးအရလည်းကောင်းမွန်ကြောင်း၊တရား
ခွင်တွေကလည်ူ ကျယ်ပြန့် သပ်ရပ်ပြီးတော့ ရှေ့ နေတွေ အမှုသည်တွေ အတွက် အဆင်ပြေမှု ရှိကြောင်းနဲ့ စောင့်ဆိုင်းနေရတဲ့ ရှေ့ နေတွေ ၊ အမှုသည်တွေ အတွက်သီးသန့် နားနေခန်း များထားရှိပေးထားတဲ့ အတွက် သက်သောင့် သက်သာရှိတယ် လို့ လွှတ်တော် ကိုယ်စားလှယ် ကပြောကြားခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*