သတင်းအရ မူးယစ်ဆေးဝါးရှာဖွေစစ်ဆေးရာမှာ မူးယစ်ဆေးဝါးမတွေ့ပဲ လက်ပစ်ဗုံးတစ်လုံးသာတွေ့

သတင်းအရ မူးယစ်ဆေးဝါးရှာဖွေစစ်ဆေးရာမှာ မူးယစ်ဆေးဝါးမတွေ့ပဲ လက်ပစ်ဗုံးတစ်လုံးသာတွေ့
September 14, 2017 Fame Asian

2:54 pm
သတင်းအရ မူးယစ်ဆေးဝါးရှာဖွေစစ်ဆေးရာမှာ မူးယစ်ဆေးဝါးမတွေ့ပဲ လက်ပစ်ဗုံးတစ်လုံးသာတွေ့

 

bone

မန္တလေး၊ စက်တင်ဘာ ၁၄

မန္တလေး ချမ်းမြသာစည်မြို့နယ်မှာ စက်တင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းက မူးယစ်သတင်းအရ မော်တော်ယာဉ် တစ်စီးအား ရပ်တန့်စစ်ဆေးတာမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေမတွေ့ရဘဲ လက်ပစ်ဗုံးတစ်လုံးသာ တွေ့ရတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီမြို့နယ် မြို့သစ် ၁ ရပ်ကွက်၊ ၆၄ လမ်း နဲ့ သရဖီလမ်းထောင့်မှာ သတင်းအရ မော်တော်ယာဉ်တစီးအား ရှာဖွေစစ်ဆေးခဲ့တာမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ပစ္စည်းတစုံတရာမတွေ့ရဘဲ အစိမ်းရောင်လက်ပစ်ဗုံး တလုံးသာတွေ့ရှိခဲ့တာလို့ နယ်မြေခံသတင်းရင်းမြစ်တွေဆီကသိရတာပါ။

ဒါနဲ့ပတ်သက်လို့ ခရိုင်ရဲတပ်ဖွဲ့ကတော့ နယ်မြေခံ(စရဖ)တပ်ဖွဲ့ဝင်တွေကတစ်ဆင့် သက်ဆိုင်ရာ တပ်မတော်တာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ ခရိုင်ရဲတပ်ဖွဲ့အဆင့်မြင့်တာဝန်ရှိသူက ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က အမှတ် ၁၈ မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်အောင်ဇော်မြင့်နဲ့အဖွဲ့ဟာ သတင်းအရ TOYOTA BB အမျိုးအစား ယာဉ်အမှတ် MDY 2E 8458 အပြာရောင်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာမှာတန့်ယန်းမြို့အခြေစိုက် ခလရ ၁၃၆က ဗိုလ်ကြီးတစ်ဦးကို MG 1 စာတန်းပါ အစိမ်းရောင်လက်ပစ်ဗုံးနဲ့အတူ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်နယ်မြေအမှတ် ၅ ဆီ ဆက်သွယ်အကြောင်းကြားခဲ့တာမှာ တာဝန်ရှိသူတွေကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပြီး စစ်ဆေးမှုအရ အဲဒီ ဗိုလ်ကြီးဟာ တပ်သားသစ်စုဆောင်းရေးတာဝန်နဲ့ ရောက်ရှိလာခြင်းဖြစ် ကြောင်း၊ ဖြစ်စဉ်နဲ့ပတ်သက်လို့ လက်ပစ်ဗုံးကိုင်ဆောင်လာသူ ဗိုလ်ကြီးနဲ့ ၎င်းမောင်းနှင်လာတဲ့မော်တော်ယာဉ်၊ လက်ပစ်ဗုံးတို့အား တပ်ထိန်း ၄ ဆီသိမ်းဆည်းခေါ်ဆောင်သွားပြီး စစ်ဆေး ဆောင်ရွက်နေတယ်လို့သိရပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*