ယနေ့တိုင်ရေဘေးကြောင့် အိမ်မပြန်နိုင်သေးသည့် ဒုက္ခသည် ၁၀၀၀ ကျော်ရှိသေး

ယနေ့တိုင်ရေဘေးကြောင့် အိမ်မပြန်နိုင်သေးသည့် ဒုက္ခသည် ၁၀၀၀ ကျော်ရှိသေး
September 14, 2017 Fame Asian

2:01 pm
ယနေ့တိုင်ရေဘေးကြောင့် အိမ်မပြန်နိုင်သေးသည့် ဒုက္ခသည် ၁၀၀၀ ကျော်ရှိသေး

water

နေပြည်တော် ၊ စက်တင်ဘာ ၁၄

ယခုနှစ်မိုးရာသီမှာ မြန်မာနိုင်ငံတွင်းကြုံတွေ့ခဲ့ရတဲ့ရေကြီးရေလျှံမှုတွေကြောင့် ရေဘေးသင့်ပြီး အိမ်မပြန်သေးတဲ့ ဒုက္ခသည် လူဦးရေ ၁၀၀၀ ကျော် ရှိနေသေးတယ်လို့ လူကယ်ပြန်ဝန်ကြီးဌာနကနေသိရပါတယ်။ယခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၄ ခုအနက် ၁၃ ခုမှာ ရေဘေးသင့်ခဲ့ပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကနေစပြီး စက်တင်ဘာ ၁၁ ရက်နေ့ ထိ ရေဘေးကြောင့် ဘေးလွတ်ရာကို ယာယီရွှေ့ပြောင်းနေထိုင်ခဲ့ရသူ စုစုပေါင်း ၃ သိန်းကျော်ရှိခဲ့ပြီး ဒီအထဲက ပဲခူးတိုင်းနဲ့ မကွေးတိုင်းထဲမှာ လူ ၁၀၇၄ ဦးဟာ ဒီကနေ့ ထိ နေရပ်ကို မပြန်နိုင်သေးဘဲ ဒုက္ခသည်စခန်းတွေမှာပဲနေထိုင်နေရသေးတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကနေသိရပါတယ်။

ဒီစာရင်းတွေကတော့ စက်တင်ဘာ ၁၃ ရက်နေ့ ထိ ရရှိထားတဲ့စာရင်းတွေဖြစ်ပါတယ်။

ရေဘေးဖြစ်စဉ်ကြောင့် လူ ၈ ဦးအထိသေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

အချို့ ပြည်နယ်တွေနဲ့  တိုင်းဒေသကြီးတွေမှာတော့ တစ်ကြိမ်ထက် ပို၍ ရေဘေးသင့်ခဲ့ကြောင်း ၊ ဒါကြောင့် ဒီဒေသမှာရှိတဲ့လူတွေကို တစ်ခြား ဘေးလွတ်ရာဒေသကို ထပ်မံပြီးတစ်ဆင့်ရွှေ့ပြောင်းခဲ့ရတာတွေလည်းရှိတယ်လို့ သိရပါတယ်။

လောလောဆယ်တော့ ဒီကနေ့ထိ ဒုက္ခသည် တွေကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေ တစ်ခြားဌာနဆိုင်ရာအသီးသီး အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပံ့ပေးနေကြပြီး နေရပ်ပြန်လည်အခြေချနိုင်အောင် ဆောင်ရွက်ပေးနေကြတယ်လို့သိရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*