ယခုဘဏ္ဍာနှစ်(၅)လအတွင်းဆန်ဈေးကွက်သစ် (၁၅)နိုင်ငံအထိရှာဖွေနိုင်ခဲ့ပြီး လျာထားချက်တန်ချိန်(၂)သန်းကိုကျော်လွန်တင်ပို့နိုင်ရန် နီးစပ်နေ

ယခုဘဏ္ဍာနှစ်(၅)လအတွင်းဆန်ဈေးကွက်သစ် (၁၅)နိုင်ငံအထိရှာဖွေနိုင်ခဲ့ပြီး လျာထားချက်တန်ချိန်(၂)သန်းကိုကျော်လွန်တင်ပို့နိုင်ရန် နီးစပ်နေ
September 13, 2017 Fame Asian

4:31 pm
ယခုဘဏ္ဍာနှစ်(၅)လအတွင်းဆန်ဈေးကွက်သစ် (၁၅)နိုင်ငံအထိရှာဖွေနိုင်ခဲ့ပြီး လျာထားချက်တန်ချိန်(၂)သန်းကိုကျော်လွန်တင်ပို့နိုင်ရန် နီးစပ်နေ

21740053_1819007591693548_8535058839255131249_n

နေပြည်တော် စက်တင်ဘာ ၁၃

ယခုဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန်(၂)သန်းအထိ ပြည်ပတင်ပို့နိုင်ရန်ရည်ရွယ်ထားကာ ဘဏ္ဍာနှစ်အစ (၅)လအတွင်းမှာပင် ဈေးကွက်သစ်နိုင်ငံ(၁၅)နိုင်ငံအထိ ရှာဖွေနိုင်ခဲ့ပြီး တန်ချိန်တစ်ဆယ့်သုံးသိန်းသုံးကျော်တင်ပို့နိုင်ခဲ့သည်။ထို့အပြင် သုံးလအတွင်းဘင်္ဂလားဒေရှ့်နိုင်ငံသို့ တန်းမြင့်ဆန်တန်ချိန် သုံးသိန်းထပ်မံတင်ပို့နိုင်မည်ဖြစ်သဖြင့် ယခုဘဏ္ဍာနှစ်အတွက် ရည်ရွယ်ထားသည့် ဆန်တန်ချိန်နှစ်သန်းကို ကျော်လွန်တင်ပို့နိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း ဆန်စပါးအသင်းချုပ်မှသိရသည်။

“ဆက်တိုက်ဆိုသလို ဆန်ဈေးကွက်သစ်နိုင်ငံတွေကိုရှာဖွေနေပါတယ်၊တန်းမြင့်ဆန်တွေတင်ပို့နိုင်ဖို့ဈေးကွက်သစ်ရှာနေသလို ရပြီးသားဈေးကွက်တွေကိုလဲမပျက်အောင် ဆောင်ရွက်နေပါတယ်၊ပြည်တွင်းမှာလဲ တန်းမြင့်ဆန်တွေ များများစိုက်ပျိုးနိုင်ဖို့လိုအပ်ပါတယ်”ဟု ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဌ ဦးအောင်သန်းဦးကဆိုသည်။

ဆန်ဈေးကွက်သစ်ရှာဖွေရာတွင် အာရှနိုင်ငံများထက်အာဖရိကနိုင်ငံများကို ဦးစားပေးလျက်ရှိနေပြီး အခြားအာရပ်နှင့်ဥရောပနိုင်ငံများကိုပါဈေးကွက်ချဲ့ထွင်သွားရန်စီစဉ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ယခုဘဏ္ဍာနှစ်အတွင်းဈေးကွက်သစ်နိုင်ငံများသို့ဆန်တန်ချိန်သုံးသောင်းဝန်းကျင်တင်ပို့နိုင်ခဲ့သည်။

ယခင်ဘဏ္ဍာနှစ်အတွင်းက (၅)လအတွင်းဆန်နှင့်ဆနိကွဲ တန်ချိန် (၅)သိန်းနီးပါးသာတင်ပို့နိုင်ခဲ့ပြီးယခုဘဏ္ဍာ နှစ်တွင်(၁၃)သိန်းအထိတင်ပို့နိုင်ခဲ့သဖြင့် တန်ချိန်(၈)သိန်းကျော်ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

အစိုးရအနေဖြင့်ဆန်တင်ပို့မှု အပိုင်းတွင် နယ်စပ်တင်ပို့မှုထက် ပင်လယ်ရေကြောင်းမှဈေးကွက်သစ်ရှာဖွေတင်ပို့မှုများကို ဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*