မန္တလေးတက္ကသိုလ်မှာ အလုပ်အကိုင်ပြပွဲ ကြီးတစ်ခုကျင်းပနေ

မန္တလေးတက္ကသိုလ်မှာ အလုပ်အကိုင်ပြပွဲ ကြီးတစ်ခုကျင်းပနေ
September 12, 2017 Asian Fame

2:40 pm
မန္တလေးတက္ကသိုလ်မှာ အလုပ်အကိုင်ပြပွဲ ကြီးတစ်ခုကျင်းပနေ

2w(မန္တလေး၊ စက်တင်လာ၁၂)

ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ၄၈ ခုအနက် နံပါတ် ၁ အဆင့်ရရှိထားတဲ့ မန္တလေး တက္ကသိုလ်မှာ ဒီနေ့မနက်ပိုင်းကစလို့ Job Fair အလုပ် အကိုင်ပြပွဲ ကြီးတစ်ခု ကျင်းပပြုလုပ်လျက်ရှိပါတယ်။

မန္တလေး တက္ကသိုလ်မှာ ပထမဦးဆုံး အကြိမ် ကျင်းပပြုလုပ်တဲ့ အလုပ်အကိုင်ပြပွဲကြီး ပဲဖြစ်ပြီး တစ်ခြား တက္ကသိုလ်တွေမှာ Job Fair တွေ လုပ် နေကြတာ အောင်မြင်မှု ရခဲ့တာကို aတွ့ရလို့လည်း အခုလို စီစဉ်ဖြစ်တာ ဖြစ်တယ်လို့ မန္တလေးတက္ကသိုလ် ပါမောက္ခ ချုပ်ဒေါက်တာ သီတာဝင်း ကပြောပါတယ်။

ပညာသင်ယူနေဆဲ ကျောင်းသားကျောင်းသူတွေ အလုပ်အကိုင် ရှာဖွေတတ်အောင်၊ အလုပ်အကိုင် နဲ့ပတ်သက်တဲ့ ဗဟုသုတ ရအောင်၊ နောက် ဆုံးနှစ်ကျောင်းသား ကျောင်းသူတွေ ကျောင်းပြီးသွားတဲ့အခါ အလုပ်အကိုင် အဆင်သင့်ဖြစ်နေအောင် ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ စီစဉ် ဆောင်ရွက်ခဲ့တာလို့သိရပြီး ဒီအလုပ်အကိုင် ပြပွဲကြီး ကို ဒေသအစိုးရ လမ်းညွှန်မှုနဲ့ မန္တလေး တက္ကသိုလ်ရယ် Advanced Myanmar Star Co.,Ltd United Pacific Co.,Ltd တို့ ပူးပေါင်းစီစဉ်တာဖြစ်ပါတယ်။

“ကျောင်းသားကျောင်းသူတွေ အလုပ်ရှာတာမှာ တစ်နေရာထဲမှာ ရှာရတာဆိုတော့ အချိန် မကုန်တော့ဘူးပေါ့၊ ဒီရည်ရွယ်ချက်နဲ့ ကျွန်မ တို့ က ပံ့ပိုးပေးတာပါ” လို့ ပြပွဲအတွက် ဦးဆောင် ကူညီတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Advanced Myanmar Star Co.,Ltd United Pacific Co.,Ltd မှတာဝန်ရှိသူ ဒေါ်အေးမိစံက ပေါ်ပြူလာနယူးစ်နဲ့တွေ့ဆုံစဉ်ပြောပါတယ်။

ပြပွဲမှာ ကုမ္ပဏီ ၂၄ ရဲ့ အလုပ်အကိုင် အခွင့်အလမ်း ၃၄၀ ပါဝင်ပြသ ထားပြီး နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူတွေ ကျောင်းပြီးသွားတဲ့ အခါ လုပ်ငန်းခွင် အဆင်သင့် ၀င်ရောက်နိုင်ဖို့ ကုမ္ပဏီတွေ ဘက်က ဆောင်ရွက်ပေး သွားမှာဖြစ်တယ်လို့သိရပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*