အသက်​ ၈၅နှစ်နှင့် အထက်​ ဘိုးဘွား​တွေကိုပါ ​ထောက်​ပံ့​ကြေး​ပေးရန်​ စီစဉ်​​နေ

အသက်​ ၈၅နှစ်နှင့် အထက်​ ဘိုးဘွား​တွေကိုပါ ​ထောက်​ပံ့​ကြေး​ပေးရန်​ စီစဉ်​​နေ
September 11, 2017 Asian Fame

3:54 pm
အသက်​ ၈၅နှစ်နှင့် အထက်​ ဘိုးဘွား​တွေကိုပါ ​ထောက်​ပံ့​ကြေး​ပေးရန်​ စီစဉ်​​နေ

Old-people(နေပြည်တော် ၊ စက်တင်ဘာ ၁၁)

အသက် ၈၅နှစ်နဲ့ အထက် ဘိုးဘွားတွေကိုပါ လာမယ့် ဘဏ္ဍာနှစ်က စလို့ အစိုးရက ထောက်ပံ့ကြေးပေးအပ်ဖို့ စီစဉ်နေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားပေးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက Popular News ကို
ပြောပါတယ်။

“အခုက အသက် ၉၀ အထက်တွေကို စပေးနေတာ ၊ လာမယ့် ဘဏ္ဍာနှစ်မှာတော့ အသက် ၈၅နှစ် နဲ့အထက်တွေကို ပါပေးနိုင်ဖို့ စီစဉ်နေ ပါတယ်”လို့ ၀န်ကြီး ကပြောပြပါတယ်။

ထောက်ပံ့ကြေး ပမာဏကိုတော့ ၀န်ကြီးက ထုတ်မပြောခဲ့ပါဘူး။

လက်ရှိမှာတော့ အသက် ၈၅နှစ်နဲ့ အထက် ဘိုးဘွားတွေရဲ့ စာရင်းကို ၀န်ကြီးဌာနက ကောက်ခံသွားဖို့ စီစဉ်နေကြောင်း ၀န်ကြီးက ဆက်ပြောပါတယ်။

“ဘတ်ဂျက်ရရှိ မှုပေါ် မူတည်ပြီး တဖြေးဖြေးနဲ့ အသက်တွေ လျှော့ပြီး ထောက်ပံ့ပေးသွားမှာပါ”လို့ ဒေါက်တာဝင်းမြတ်အေးက ထပ်ပြောပါတယ်။

အသက် ၉၀ကျော် ဘိုးဘွားများကို ယခုဘဏ္ဍနှစ်မှ စတင်ကာ တစ်ဦးလျှင် တစ်လ ၁၀၀၀၀ကျပ် နှုန်း ဝန်ကြီးဌာနက ထောက်ပံ့လျှက်ရှိကြောင်း သိရပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*