မကြာမီ ထွက်ရှိလာမည့် မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒ အသစ်တွင် ဘယ်မောင်းကားများကိုသာဦးစားပေးတင်သွင်းခွင့်ပြုမည် ဆိုသည့် သတင်းကြောင့် ဈေးကွက် အတွင်းရှိ ဂျပန် ညာမောင်းကားများ ဈေးတက်လာ

မကြာမီ ထွက်ရှိလာမည့် မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒ အသစ်တွင် ဘယ်မောင်းကားများကိုသာဦးစားပေးတင်သွင်းခွင့်ပြုမည် ဆိုသည့် သတင်းကြောင့် ဈေးကွက် အတွင်းရှိ ဂျပန် ညာမောင်းကားများ ဈေးတက်လာ
September 8, 2017 Asian Fame

12:25 pm
မကြာမီ ထွက်ရှိလာမည့် မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒ အသစ်တွင် ဘယ်မောင်းကားများကိုသာဦးစားပေးတင်သွင်းခွင့်ပြုမည် ဆိုသည့် သတင်းကြောင့် ဈေးကွက် အတွင်းရှိ ဂျပန် ညာမောင်းကားများ ဈေးတက်လာ

carr(နေပြည်တော် စက်တင်ဘာ ၈)

ယခုလ အတွင်း၂၀၁၈ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒအသစ် ထွက်လာမည် ဖြစ်ပြီး ၎င်းမူဝါဒ အသစ်တွင် ဘယ်မောင်း ကားအမျိုးအစားများသာ အဓိကတင်သွင်းခွင့် ရနိုင်မည့် အခြေအနေကြောင့် ဈေးကွက် အတွင်းရှိ ဂျပန် ညာမောင်းကားများ
ဈေးတက်လာနေသည်။

“ဘယ်မောင်းကားတွေက ဥရောပနဲ့ အမေရိကန်ထုတ်တွေ ဆိုရင် ပြည်တွင်းက လူလတ်တန်းစားတွေ လိုက်မီဖို့ ခဲယဉ်း တဲ့ဈေးတန်းမှာ ရှိနေပါတယ်၊ အဲတော့ တရုတ်နဲ့ ကိုရီးယားက ကားတွေကိုပဲ ဝယ်သုံးရမယ့်အခြေအနေ၊ ဒီက လူအများစုကလည်း အပိုပစ္စည်း အပါအဝင် ဂျပန်ကားတွေနဲ့ပဲ အသားကျနေတော့ ဒီတရုတ် ကိုရီးယားကားတွေကို သိပ်မကြိုက်ကြသေးဘူး၊ ဒါကြောင့် ခုနှစ်ထဲမှာ ဈေးကွက် ထဲက ဂျပန် ညာမောင်းကားတွေ ဈေးတတ်လာတယ်” ဟု ဟံသဝတီ ကားဝယ်ရောင်းစခန်း မှ ဝါရင့်ဝယ်ရောင်း ဦးစိုးလွင်က ဆိုသည်။

ပြည်တွင်းရှိ လမ်းစနစ်နှင့် လိုက်ရော ညီထွေဖြစ်သော ဘယ်မောင်းကား အမျိုးအစားများ ကိုသာ ၂၀၁၈ ခုနှစ်တွင် တင်သွင်းခွင့်ပြုရန် မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ ကြီးကြပ်မှုကော်မတီ မှ စီစဉ်လျှက် ရှိနေသည်။

ထို့အပြင် ဂျပန်နိုင်ငံတွင် အသုံးပြုပြီးသော တစ်ပတ်ရစ် ကားများ အစား ပြည်တွင်း၌တပ်ဆင် ထုတ်လုပ်နေသော ကားအသစ် များကို ပိုမို သုံးစွဲ သွားနိုင်ရန်လဲ မူဝါဒများ ရေးစွဲဆောင်ရွက်နေသည်။ ဂျပန်နိုင်ငံမှ တစ်ပတ်ရစ် ကားတင်သွင်းခွင့်ကို လာမည့်နှစ်တွင် ကန့်သတ် လိုက်ဖွယ် ရှိနေပြီး ပြည်တွင်း၌ ဂျပန်ကား စက်ရုံများ လာရောက်ရင်းနှီးမြုပ်နှံနိုင်ရန် ညိနှိုင်းမှုများဆောင်ရွက်နေသည်။

ဂျပန်ညာမောင်းကား များအစား ပြည်တွင်းတွင် SKD၊CKD စနစ်များဖြင့် တပ်ဆင်ထုတ်လုပ်မည့် ကားများကို အစိုးရမှ ဦးစားပေးရောင်း ချနိုင်ရန်စီစဉ်နေသော်လည်း သုံးစွဲသူကားပိုင်ရှင်အများစုက ဂျပန်နိုင်ငံမှ တစ်ပတ်ရစ် ညာမောင်း ကားများကိုသာ ဈေးကွက်အတွင်း လူကြိုက်များလျှက်ရှိနေသည်။

“အဓိက ကတော့ မယုံရဲတာပါ၊ ဂျပန်ကားတွေက တစ်ပတ်ရစ် ဆိုပေမယ့် သူရဲ့ကြံ့ခိုင်မှုနဲ့ အရည်အသွေး က လေလံဂရိတ်ပေါ် မူတည်ပြီး ဒီနိုင်ငံထဲ မှာဆယ်နှစ်လောက်အထိ ခန့်ခန့်ထည်ထည် စီးနိုင်သေးတယ်၊ ဇုန်ထုတ်တွေ ၃နှစ်တောင်မခံဘူးလေ၊ အရင်ကလဲ ထုတ်ဖူးတာပဲ ဆွေးမြေ့ပြီး ခုဆို လမ်းပေါ်မှာတောင် မမြင်ရတော့ဘူး၊ ဂျပန် တစ်ပတ်ရစ်တွေ က အရင် ၉၅/၉၆မော်ဒယ် ကားတွေတောင် လမ်းပေါ်တဝီဝီ သွားနေဆဲလေ”ဟု မန္တလေးမြို့မှ တစ်ပိုင် တစ်နိုင် ကားဝယ်ရောင်း ကိုဇော်ထွေးက ဆိုသည်။

လာမည့်နှစ် မော်တော်ယာဉ် မူဝါဒတွင် ဂျပန်နိုင်ငံထုတ် ညာမောင်း ကားတင်သွင်း လိုပါက စလစ်ကပ်ရမည့် အခြေအနေတွင် ရှိနေပြီး စလစ်ဈေးနှုန်း သိန်းတစ်ရာဝန်းကျင်ရှိနေသည့်အတွက် လက်ရှိဈေးကွက်အတွင်းရှိလူကြိုက်များသော ညာမောင်းကားများဈေးက
(၁၀)သိန်းမှသိန်း (၅၀/၆၀)ဝန်းကျင်အထိ တက်လာနေသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*