အိန္ဒိယ၀န်ကြီးချုပ် နာရမ်ဒရာ မိုဒီ မဟာဗောဓိပင် စိုက်ပျိုး

အိန္ဒိယ၀န်ကြီးချုပ် နာရမ်ဒရာ မိုဒီ မဟာဗောဓိပင် စိုက်ပျိုး
September 7, 2017 Asian Fame

2:09 pm
အိန္ဒိယ၀န်ကြီးချုပ် နာရမ်ဒရာ မိုဒီ မဟာဗောဓိပင် စိုက်ပျိုး

ရန်ကုန်၊ စက်တင်ဘာ ၇

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် အိန္ဒိယ သမ္မတနိုင်ငံ ၀န်ကြီးချုပ်  နာရမ်ဒရာ မိုဒီ နှင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်ခဲ့ပြီး မဟာဗောဓိပင်ကို စိုက်ပျိုး ခဲ့သည်။

ဝန်ကြီးချုပ် မိုဒီ နှင့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ နေ့လည် ပိုင်းက ရန်ကုန်သို့ ရောက်ရှိလာခဲ့ကာ ညနေပိုင်းတွင် သုဝဏ္ဏအားကစားကွင်း ၌ မြန်မာနိုင်ငံရောက် အိန္ဒိယအသိုင်းအ၀န်းနှင့် တွေ့ဆုံခဲ့သေးသည်။

ယနေ့မနက်ပိုင်းတွင်မူ ရွှေတိဂုံစေတီတော်၊ဗိုလ်ချုပ်ပြတိုက်၊အာဇာနည်ဗိမာန်၊ ကာလီဘာရိ ဘုရားကျောင်း၊ ဇဖါရ်ရှား ဒါရ်ဂါတော် ဂူဗိမာန် အစရှိသည့် နေရာများသို့ သွားရောက်ခဲ့သည်။

ခရီးစဉ် အချို့၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့က ၀န်ကြီးချုပ် မိုဒီ ကို ကြိုဆိုဧည့်ခံ၍ လိုက်လံပို့ဆောင်ပေးခဲ့ခြင်းများ၊ရှင်းပြ ခြင်းများ ပြုလုပ်ခဲ့သည်ကိုတွေ့ရှိရသည်။

ဓာတ်ပုံ – ကိုမျိုး၊ ရဲလင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*