တော်သလင်းလပြည့်နေ့နှင့် ဗုဒ္ဓဘာသာဝင် မွန်တိုင်းရင်းသားများ

တော်သလင်းလပြည့်နေ့နှင့် ဗုဒ္ဓဘာသာဝင် မွန်တိုင်းရင်းသားများ
September 6, 2017 Asian Fame

11:47 am
တော်သလင်းလပြည့်နေ့နှင့် ဗုဒ္ဓဘာသာဝင် မွန်တိုင်းရင်းသားများ

့တော်သလင်းလပြည့်နေ့၊ ဂရုဓမ္မ အခါတော်နေ့ကို အချို့သော နိုင်ငံတကာ ဗုဒ္ဓဘာသာများက ပျားရည် လှုဒါန်းသည့် လပြည့်နေ့ ဟုခေါ် တွင် ကြသည်။

ဗုဒ္ဓဘာသာဝင် မွန်တိုင်းရင်းသား တို့က တော်သလင်းလပြည့်တွင် မွန်ရိုးရာဓလေ့ သင်္ဘော ဆွမ်းတော်ကြီး တင်ပွဲကို ကျင်းပလေ့ရှိသည်။

သင်္ဘော သဏ္ဍာန်ပြုလုပ်ထားသည့် ဆွမ်းတော်ကြီး တင်ပွဲ၌ ဆွမ်း ၊ကွမ်း ၊တံခွန်၊ ကုက္ကား၊ ပန်း ၊န့ံသာ၊ သစ်သီးဝလံ၊ ဆီမီးတို့ ဖြင့် ကပ်လှူ ပူဇော်ကြသည် ။ အသက်အရွယ် မရွေး လူကြီးလူငယ် အားလုံး ဆွမ်းတော်ပွဲများ ကိုယ်စီကိုယ်စီ ကိုင်ကာ အရုဏ်တက် အမှီ ဘုန်းကြီးကျောင်း အသီးသီးသို့ သွားရောက် လှူဒါန်း ပူဇော်ကပ်လှူ ကြသည်။

ထို ဓလေ့သည် မြန်မာ့သမိုင်းတွင် ထင်ရှားလှသော ဓမ္မစေတီမင်း လက်ထက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

ကောဇာသက္ကရာဇ် ၈၃၈ တွင် သီဟိုဠ် ( သီရိလင်္ကာ ) သို့  သာသနာတော် သန့်ရှင်းတည်တန့်  ပြန့်ပွားရေး အတွက် သီလ စင်ကြယ်သော မွန်ရဟန်း သံဃာ ၄၄ ပါးကို ရာမဒုတ သင်္ဘော နှင့် စိတြဒူတ သင်္ဘော ၂ စီးဖြင့် စေလွှတ်၍ ကလျာဏီ သိမ်တော်ကြီးတွင် ရဟန်း အသစ်ထပ်မံ ခံယူစေခဲ့သည် ။

သာသနာတော် အမှုကိစ္စများ ပြီးဆုံးအောင်မြင်၍ အမိတိုင်းပြည်သို့  အပြန်ခရီးတွင် ရာမဒူတ သင်္ဘောမှ ချောမောစွာ ရောက်ရှိခဲ့သော် လည်း စိတြဒူတ သင်္ဘောမှာမူ လေပြင်း မုန်တိုင်းမိ၍ ဆိပ်ကမ်းးသို့ မရောက်ရှိနိုင်ခဲ့ချေ။

သို့ ဖြစ်၍ ပျောက်ဆုံးနေသည့် စိတြဒူတ သင်္ဘောပုံစံပြုလုပ်ကာ သင်္ဘောနှင့် လိုက်ပါသွားသော ရဟန်း သံဃာများ ဘေးရန် ခပ်သိမ်း ကင်းဝေးစေရန် ချောမောစွာ ပြန်ရောက်စေရန် ဓမ္မစေတီမင်း နှင့် တကွ တိုင်းသူပြည်သား အပေါင်းတို့ က တော်သလင်း လပြည့် နေ့ အာရုဏ်တက်တွင် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်ကို ရည်မှန်း၍ ဆွမ်းခဲဖွယ် ဘောဇဉ် လှူဖွယ်ဝတ္ထုအစုစုဖြင်ကပ်လှူပူဇော်ကာ ဆုတောင်းကြခြင်းဖြစ်သည်။

ထိုသို့ ပြုလုပ်ခဲ့ပြီး ၂ ရက်အကြာ တော်သလင်းလဆုတ် ၂ ရက်နေ့ တွင် စိတြဒူတ သင်္ဘောကြီး ဆိပ်ကမ်းသို့  ချောမောစွာ ရောက်ရှိခဲ့ သည်။

ထို နေ့ထူးနေ့ မြတ်အခါသမယ သည်ကား မွန်လူမျိုးတို့ အတွက် သာမက မြန်မာဗုဒ္ဓဘာသာဝင်တိုင်း အတွက်ပါ အရေးကြီးလှသည့် သာသနာ့ မှတ်တမ်းဝင်နေ့  ၊ပိဋိကတ် ၃ ပုံ ရောက်ရှိသည့် နေ့ တနေ့ ဖြစ်လေသည်။

နှစ်စဉ်နှစ်တိုင်း မွန်တိုင်းရင်းသားတို့ ကျင်းပမြဲဖြစ်သော ဘာသာရေးဓလေ့ထုံးတမ်း၊ လက်ဆင့်ကမ်းအမွေ တခုလည်းဖြစ်ပါသည်။

Credit – Mi Htay Kyi ၊ U Ravika ၊HninSiOo

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*