ထိုင်းရှိ ယာယီပက်စပို့ကိုင်မြန်မာရွှေ့ပြောင်းလုပ်သားများကို စက်တင်ဘာ ၁၀ မှစ၍ CI ထုတ်ပေးမည်

ထိုင်းရှိ ယာယီပက်စပို့ကိုင်မြန်မာရွှေ့ပြောင်းလုပ်သားများကို စက်တင်ဘာ ၁၀ မှစ၍ CI ထုတ်ပေးမည်
September 6, 2017 Fame Asian

2:28 pm
ထိုင်းရှိ ယာယီပက်စပို့ကိုင်မြန်မာရွှေ့ပြောင်းလုပ်သားများကို စက်တင်ဘာ ၁၀ မှစ၍ CI ထုတ်ပေးမည်

နေပြည်တော် ၊ စက်တင်ဘာ ၆

နိုင်ငံသားစီစစ်ရေးလက်မှတ်နှင့် အိမ်ထောင်စုစာရင်းမပြနိုင်သော ယာယီပက်စပို့ကိုင်သည့် ထိုင်းရှိမြန်မာရွှေ့ပြောင်းလုပ်သားများကို လာမည့် စက်တင်ဘာ ၁၀ ရက်နေ့မှစတင်ကာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ် ထုတ်ပေး သွားမည်ြ ဖစ်ေ ကြာင်းသိရသည်။

အဆိုပါ CI စာအုပ်များကို လက်ရှိ CI စခန်းများဖြစ်သည့် စမုစခွန်(မဟာချိုင် ၁ နှင့် ၂) ၊ စမုပရာကန် ၊ မယ်ဆိုင် ၊ မဲဆောင် ၊ ရနောင်း စသည့်နေရာများတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် CI စာအုပ်ထုတ်ယူလိုသော မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် သတ်မှတ်ထားသည့် ကုန်ကျစရိတ် ဘတ်ငွေ ၃၁၀ ကို Counter Service ကုမ္ပဏီ၏ငွေသွင်းကောင်တာများဖြစ်သော 7 Eleven စတိုးဆိုင်များအပြင် ပူးတွဲ(၁) ပါ ငွေသွင်းကောင်တာများတွင် ပေးသွင်း၍ ကောင်တာမှထုတ်ပေးသော ငွေသွင်းပြေစာနှင့်တကွ CI စခန်းများသို့ လာမည့် စက်တင်ဘာ ၁၀ ရက်နေ့မှစတင်၍ သွားရောက်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အလုပ်သမားနှင့်လ၀က ၀န်ကြီးဌာနက ဆိုထားသည်။

အလုပ်သမားများအနေဖြင့် သတ်မှတ်ကုန်ကျစရိတ်ထက် ပိုမိုကုန်ကျမှုမရှိစေရေးအတွက် ပွဲစားများဖြင့်ဆောင်ရွက်ခြင်းမပြုရန် လည်း သတိပေးပြောဆိုထားသည်။

ထိုင်းအစိုးရက နိုင်ငံအတွင်းရှိ အထောက်အထားမဲ့ အလုပ်သမားများကို အရေးယူမည့် ဥပဒေသစ်တစ်ရပ်ကို ပြီးခဲ့သည့် လပိုင်းက ပြဌာန်းခဲ့ပြီး ဥပဒေအာဏာမည့်အချိန်ကို ၆ လဆိုင်းငံ့ပေးထားခြင်းဖြစ်သည်။

ယင်းကာလအတွင်း ထိုင်းရှိ အထောက်အထားမဲ့မြန်မာရွှေ့ပြောင်းလုပ်သားများကို မြန်မာအစိုးရက သက်သေခံ အထောက်အထား လက်မှတ်များ ထုတ်ပေးရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ပြီး နေရပ်သို့ပြန်လာသော မြန်မာလုပ်သားများလည်း များစွာရှိနေသည်။

မြန်မာမှ နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်အလုပ်လုပ်ကိုင်မှုတွင် ထိုင်းနိုင်ငံသို့သွားရောက်မှုသည်အများဆုံးဖြစ်ပြီး တရားမ၀င်သွား ရာက်မှုတွင် လည်းထိုင်းနိုင်ငံသို့ပင်အများဆုံးဖြစ်သည်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*