ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးပြုံးချိုအပါအ၀င် တရားစွဲခံရသူများရုံးထုတ်၊ တရားလိုမလာတဲ့အတွက် အမှုကိုမစစ်ဆေးခဲ့

ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးပြုံးချိုအပါအ၀င် တရားစွဲခံရသူများရုံးထုတ်၊ တရားလိုမလာတဲ့အတွက် အမှုကိုမစစ်ဆေးခဲ့
September 4, 2017 Fame Asian

3:27 pm
ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးပြုံးချိုအပါအ၀င် တရားစွဲခံရသူများရုံးထုတ်၊ တရားလိုမလာတဲ့အတွက် အမှုကိုမစစ်ဆေးခဲ့

4

ရန်ကုန်၊ စက်တင်ဘာ ၎

အဂတိ လိုက်စားမှုနဲ့  တရားစွဲဆို ခံထားရတဲ့ ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးပြုံးချိုအပါအ၀င် ငါးဦးတို့ ရဲ့အမှုကို တရားလို စတင်စစ်ဆေးဖို့  ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ ဒီကနေ့ရုံးထုတ်ခဲ့ပေမယ့် တရား လိုလာရောက်ခြင်း မရှိတဲ့အတွက်ကြောင့် မစစ်ဆေးနိုင်ခဲ့ပါဘူး။

အမှုမှာ ပါဝင်သူတစ်ဦးကတော့ ဒီကနေ့ ရုံးထုတ်မှာ အာမခံလျောက်ထားခဲ့ပြီး လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့ (တနင်္လာ) မှာ အာမခံခွင့်ပြုမပြုသိရမှာဖြစ်ပါတယ်။
6
သူတို့ နဲ့ အတူ တရားစွဲဆို ခံထားရပြီး တိမ်းရှောင်နေတဲ့ မော်လိုက်ခရိုင်ထွေအုပ် ဦးစီးမှူးဟောင်းကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့ က သက်ဆိုင်ရာ ၀ရမ်း ထုတ်ထားရာ နယ်မြေမှ နယ်ထိန်းရဲတပ်ဖွဲ့ ဝင်တစ်ဦးက တရားလွှတ်တော်မှာဝရမ်းပြန်သွင်းခဲ့ပြီင်္းတဲ့နောက် ဒီကနေ့ မှာ တရားလို စတင်စစ်ဆေးဖို့ ဖြစ်ပါတယ်။

ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးပြုံးချို၊ အပါအ၀င် ငါးဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးစိန်တင်က တရားလိုပြုလုပ်ကာ ဗဟန်းမြို့ မရဲစခန်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ တို့ နဲ့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

သတင်း၊ ဓါတ်ပုံ – စိုင်းလမင်း၊ ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*